ဒီနေ့ ဘာတွေဖြစ်နေလဲမသိဘူး။ တစ်နေ့လုံး ငိုရတယ်။ အိမ်ဦးနတ်က ကျမလက်ကလေးကိုင်ပြီး အားပေးတယ်။ အငိုတိတ်ဖို့ပေါ့။ ခလေးတစ်ယောက်လို အားပါတရ ငိုပစ်လိုက်တယ်။ စိုင်းထီးဆိုင် သီချင်းနားထောင်တယ်။ ငိုနေလို့ပြီးမှာလား မငိုအောင်ချော့ချော့ဖို့ခက်တယ်။
နောက်ပြီး အောင်လသီချင်း ထအော် ဆိုလိုက်တယ်။ (ငါဝအောင်ငိုလိုက်မယ် ဒီနေ့တစ်ရက်တော့ နက်ဖြန်မိုးလင်းရင် မငိုတော့ဘူး ... တစ်သက်လုံးအတွက် မငိုဘူး)။
စိတ်ကူးထဲမှာ မြန်မာပြည် ပြန်ရောက်နေတယ်။ ဖြစ်ချင်တာလေးတွေ တွေးကြည့်လိုက်တယ်။ မောင်နှမ မရှိဘူး။ ဇနီးမောင်နှံ ၂ယောက်ထဲ ခပ်ဝေးဝေးတစ်နေရာမှာ တဲစုတ်အိမ်လေးနဲ့ ရောင့်ရဲခြင်းတွေ ထမ်းပိုးထားရင်းဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတယ်။
(ကောင်းဆက်) ဆိုထားတဲ့ သီချင်းလေးကို အဓိပ္ပါယ် ပုံဖော်ကြည့်တယ်။ ဘာသာမတူရင် မချစ်ရဘူးတဲ့ဆို ပညတ်ချက်တွေ ရှိထားလား အချစ်ဆိုတာ အကြောင်းပြချက်မရှိဘူး ဒို့ချစ်မိတာ အပြစ်ရှိလားတဲ့။ ဘာသာမတူ လူမျိုးမတူတာကို ချစ်မိတာ အပြစ်ကြီးလုပ်မိတာတဲ့လား။ ဘာသာမတူတာ မှန်ပေမဲ့ လူမျိုးက မြန်မာပြည်ဖွား မြန်လာလူမျိုးဘဲလေ။ တစ်မြေထဲနေ တစ်ရေထဲသောက်ပြီး ကြီးပြင်းလာကြတဲ့ အမိမြန်မာပြည် သားပါဘဲ။
ကမ္ဘာမှာ အဆိုးဝါးဆုံးဖြစ်တဲ့ စစ်ပွဲတွေထဲ ဘာသာရေး စစ်ပွဲက အဆိုးဆုံးပါဘဲ။ မြန်မာပြည်မှာရော ဘာသာရေး လူမျိုးရေးတွေဆိုတဲ့ အမြင်တွေ ကွဲလွှဲမှု့ရှိနေကြတုန်းဘဲလား။ အဲဒီလူမျိုးမတူ ဘာသာမတူတာတွေအတွက်နဲ့ စစ်ပွဲတွေဖြစ်နေ တုန်းဘဲလား။ ပြည်တွင်းစစ် အိမ်တွင်းစစ် တွေပေါ့။ တိုးတက်ခေတ်မှီနေပြီဆိုပြီး ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေကို လူတွေ ဘာလို့မေ့လို့မရသေးတာလဲ။
မျိုးရိုးစဉ်ဆက် ခရစ်ယာန်ပါဘဲ။ ကိုယ်ကိုယ်တိုင်လည်း ခရစ်ယာန်စစ်စစ်ပါဘဲ။ ခရစ်ယာန် တစ်ယောက်ဆိုပေမဲ့ တစ်ခြားဘာသာတွေကို မစော်ကားဘူး။ ကိုယ့်ဘာသာကို ကြည်ညိုသလို တစ်ခြား ဘာသာကိုလည်း လေးစားတယ်။ ဘာသာတိုင်းက ကောင်းတဲ့ဘက်ဘဲ ဦးတည်ကြ သလို ကောင်းတာတွေဘဲ သွန်သင်ကြတယ်။ အယူအဆ အတွေးအခေါ်တွေဘဲ ကွဲလွဲခံယူထားကြတာပါ။ အဓိက ဘာသာကောင်းဖို့ မလိုဘူး လူကောင်းဖို့လိုပါတယ်။ ဘာသာ ဘယ်လောက်ကောင်းကောင်း လူကိုယ်တိုင်မကောင်းရင် ဘာမှလုပ်လို့မရပါဘူး။
ရည်းစားများများ မထားခဲ့ဖူးဘူး။ အချိန်ကျတော့လည်း ဘာသာခြား လူမျိုးခြားနဲ့ အိမ်ထောင်ကျသွားတယ်။ လူမျိုးခြားဆိုပေမဲ့ မြန်မာပြည်ဖွားဘဲပေါ့။ လူမျိုးက (ဗမာ) ကိုးကွယ်တဲ့ ဘာသာက ဗုဒ္ဓ .. ။ အလွမ်းက တိုင်းရင်းသူ ကိုးကွယ်တဲ့ဘာသာက ခရစ်ယာန်။ အိမ်ထောင်ရေးမှာလည်း ၂ ဦးတည်းတော့ အဆင်ပြေအေးချမ်းနေတယ်။ နားလည်မှု့တွေ ကိုယ်စီနဲ့ပေါ့။ အဲလို ဘာသာမတူ လူမျိုးမတူတာနဲ့ ဖူးစာအကြောင်းပါ ညားခဲ့ကြတာ အပြစ်တဲ့လား။ ဘယ်သူတွေ ပညတ်သွားတာလဲ။ ညားပြီးချစ်သွားကြသလို ချစ်လို့ညားသွားကြတာဘဲ။
မြန်မာပြည်က ကျန်ခဲ့တဲ့မိသားစုကို သတိရတယ်။လွမ်းတယ်။ ဖုန်းဆက်ဖြစ်တယ်။ စကားတွေ အသွားအပြန် မလှပြန်ဘူး။ အရိုးစွဲခံယူထားတဲ့ ဘာသာမတူတာတွေက တစ်ဖက်ဖုန်းပြောနေသူ အတွက် လက်နက်ပေလား။ လွမ်းလို့ဖုန်းဆက်ပြီးတိုင်း စိတ်ထိခိုက်ရတယ်။ လူတွေမသိအောင် ငိုရတယ်။ မိသားစု အလွမ်းဓါတ်ခံရှိသူမို့ ပိုလို့ဝမ်းနည်းရတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်သလို အပြစ်မမြင်ဘူး။ အဲတာ အလွမ်းရဲ့ ပါလာတဲ့ကံကြွေးပေါ့။
မေးကြည့်ချင်တယ်။ အမိမြန်မာပြည်ထဲမှာ လူမျိုးမတူ ဘာသာမတူရင် လက်ထပ်မယူရတော့ဘူး။ လူမျိုးတူ ဘာသာတူတာလေး ရှာယူပြီးမှ အရက်သမား မယားဖြစ်သွားတာတွေလည်း ဒုနဲ့ဒေးဘဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာတွေလည်း ကြားရတာ မကြာခဏပါဘဲ။ အလွမ်း ... ခုဆို... အိမ်ထောင်သက် ၄ နှစ်ကျော်ပြီ။ ဇနီးမောင်နှံ တစ်ခါမှ စကားများ ရန်ဖြစ် စိတ်ကောက်တာ မရှိသေးဘူး။ ငွေမချမ်းသာပေမဲ့ စိတ်ချမ်းသာ ရပါတယ်။လူမျိုးမတူ ဘာသာမတူပေမဲ့ ကြင်နာတတ်သူ သစ္စာရှိသူ အိမ်ထောင်ဦးစီးပီသသူကို ပိုင်ဆိုင်ရရှိထားတယ်။ အဲတာတွေကို တစ်ခြားလူတွေက ဘာသာမတူ လူမျိုးမတူတာကြည့်ပြီး ဘေးထိုင်ဘုပြော ဘာလို့ လုပ်နေကြတာလဲ။ ဘာလို့ နားမလည်ပေးတတ်တာလဲ။
အပျိုစင် လူလွတ်တစ်ယောက် မဟုတ်တော့ဘူး။ အိမ်ထောင်ဦးစီးက အလိုလိုက်ချစ်ပေမဲ့ ခွင့်လွှတ်လို့ရတဲ့ ချစ်ခြင်းနဲ့ ခွင့်လွှတ်လို့မရတဲ့ ချစ်ခြင်းတွေလည်း ရှိသေးတယ်လေ။ ခွင့်လွှတ် သီးခံတယ်ဆိုတာ သူ့အတိုင်းတာနဲ့ သူရှိသေးတာပေါ့။ အလိုလိုက် အကြိုက်ဆောင် သီးခံချစ်တိုင်း မစော်ကားရဘူး။ တန်ဖိုးထားရမယ်။ ဘာဘဲလုပ်လုပ်ပေါ့ ကိုယ့်သဘော ကိုယ့်ဆန္ဒကိုယ်ဘဲ ဦးစားပေး လုပ်ချင်ရာလုပ်လို့ မရတော့ဘူး။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့။
မိဘတွေ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ ထုထည်ကြီးမားတယ်ဆိုတာ မှန်ပေမဲ့ ချစ်ခြင်းမှန်ကန်ဖို့လည်း လိုသေးတယ်။ အိမ်ထောင်ကိုပစ် ခုချိန်ကျမှ ဘာသာမတူလို့ မိဘရင်ခွင်ထဲ ပြန်တိုးရင် ရလောက်တဲ့အထိ အလွမ်း မမိုက်ဘူး။ ကိုယ်လျှောက်တဲ့လမ်း ကိုယ်သတ္တိရှိပါတယ်။
တိုင်းရင်းသူ/သားတွေ ခဏခဏပြောတာ ကြားဖူးတယ်။ (ဗမာ)တွေ မကောင်းဘူးတဲ့။ ဒီ အယူအဆတွေက ခေတ်နောက်မှာ ထားခဲ့ရတော့မှာ။ ဗမာတိုင်း မဟုတ်ပါဘူး။ ဆိုးသွမ်းပြီး အကျင့်စာရိတ္တ မကာင်းတဲ့ လူတွေရှိသလို မွန်မြတ်ပြီး စိတ်ထားကောင်းတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ လူနဲ့ဘဲ ဆိုင်တာပါ။ နောက်တစ်ခု ဘာသာရေး အကြောင်းပြပြီး ချစ်သူတွေ မဝေးစေချင်သလို အိမ်ထောင်သည်တွေလည်း အိမ်ထောင်ရေး အပြိုကွဲစေချင်ဘူး။
ဟူး....မောတယ်... စိတ်ဆင်းရဲတယ်.... ခေါင်းပူတယ် စိတ်ရှုပ်တယ်... မောင့်လက်ကိုတွဲ လမ်းလျှောက်ထွက် တော့မယ်.... တားတာ
မှတ်ချက်....ဓါတ်ပုံများကို ဂိုဂယ်မှ ကူးယူထားပါသည်။
ဘာမှတော့မဟုတ်ပါဘူး။ ၁ ရက်တာ စိတ်ညစ်စရာ ဖြစ်ပျက် ခံစားနေရတာတွေကို စိတ်ထွက်ဖောက်တစ်ခုလို ချရေးလိုက်တာပါဘဲ။ လာရောက်အားပေးတဲ့ မောင်နှမများ.... သိုင်းကျူး... ပါ..
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
18 comments:
အလွမ်းကတိုင်းရင်းသူလေးပေါ့နော်
အညာကဆိုလို့မြန်မာပဲထင်နေတာလေ
ခုမှသိတယ်
ဘာသာမတူတာနဲ့ကိုယ့်ရဲ့ အိမ်ထောင်ရေးကိုအထိခိုက်
မခံပါနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကအရေး
ကြီးတာပါ အဲတာတွေတွေးပြီးစိတ်မညစ်ပါနဲ့
ဘာသာတိုင်းကောင်းတယ်လူတွေက မကောင်းဘူး ဟုတ်တယ်
မကောင်းတဲ့ဘာသာဆိုတာမရှိပါဘူး
အဲတာကြောင့်အလွမ်းလဲ အဖြူအမည်းမခွဲ
ဘာသာမခွဲ
လူမျိုးမခွဲခြားပဲ အားလုံးကိုမေတ္တာထားနိုင်ပါစေနော်
ဘုရားသခင်က လူတိုင်းကိုကြည့်နေတာပါ
အဲတာကိုယုံပေးနော်
မမပိုစ့်ဖတ်လိုက်ရတော့အမေကိုသတိရတယ်..
မမလိုပဲ ခံစားခဲ့ရမယ်ထင်တယ်...
ခက်တယ် ခက်တယ် ဆရာလေးလေသံဖြင့်ညည်းသွားသည်။။
ရင်ထဲမွမ်းကြပ်မှုတွေ ဖွင့်ချလိုက်တော့ သက်တောင့်သက်သာတော့ ရှိသွားတာပေါ့ အလွမ်းရေ။ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူတို့ရဲ့ မဖြစ်မနေကြုံတွေ့ရမဲ့ အကြောင်းတရားလေးတွေပေါ့နော်။ စိတ်ကြည်နူးစရာ အိမ်ထောင်တစ်ခု ပိုင်ဆိုင်ထားတာ ကံကောင်းပါတယ် အလွမ်းရယ်။ စုံစုံလင်လင် ဒဿနလေးတွေဖတ်သွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရဲရဲဝံ့ဝံ့ ချစ်သူကို ရွေးခဲ့တဲ့ မမအလွမ်းကို လေးစားပါတယ်။
တကယ်တော့ ဘာသာမတူ လူမျိုးမတူလဲ ချစ်သူတွေ လမ်းလျှောက်ရင်း လမ်းမပျောက်ဖို့ဘဲ အရေးကြီးတာပါ။
အလွမ်းရေ ဘာသာမတူ ပေမယ့်
တန်ဖိုးရှိတဲ့စကားလုံးတိုင်းကို လေ့လာမှတ်သား
တတ်တာ ကောင်းတဲ့အလေ့အကျင့်ပဲ
အဓိက က တန်ဖိုးကိုနာ်းလည်ဖို့ပဲလေနော်
အရိုးစွဲတဲ့ဓလေ့တွေ ဖျောက်သင့်တာ
အလွမ်းရဲ့စိတ်ဓါတ်လေးကို လေးစားတယ်
အဓိက က စိတ်ချင်းညီနေဖို့လို့ ထင်မိတာပဲ မမ
အစစ အဆင်ပြေပါစေနော
~ Kk ~
မမရေ..အဆိုးထဲကအကောင်းပါပဲ..ဘာကြောင့်ဆို
မမရဲ့ အိမ်ဦးနတ်က မမအပေါ်အရမ်းကောင်းနေသလို
မမတို့၂ယောက်ကလဲ အရမ်းချစ်ပြီး..တယောက်ကို တယောက် နားလည်မှုရှိကြလို့ အိမ်ထောင်သက် ၄နှစ်ရှိတာတောင် တခါမှရန်မဖြစ်ဖူးဘူးလေ....အဲဒါအရေးကြီးဆုံးပါ..သူများပြောတဲ့စကားတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့မမရယ်
ခင်တဲ့.မိုးနတ်
ချော့ဖော်ရှိသေးတယ်။ ကံကောင်းတယ်။
ဘေးထိုင်ဘုပြောလည်း ခဏပါပဲ..အဓိကက ကာယကံရှင်နှစ်ဦး ကြည်ဖြူရင် ဘ၀ခရီးလမ်းလည်း သာယာမယ်ပေါ့... မမြင်နိုင်တဲ့ အတိတ်ကံက နှာဖူးမှာ တခါတည်းစာကပ်ပါလာတာ ဘယ်သူမြင်နိုင်မှာလဲလေ..စိတ်မညစ်ပါနဲ့.. ဖြစ်တက်တဲ့သဘာဝတရားလေးပါ... အခုလိုမျိုးလေး ချရေးလိုက်တော့ ရင်ထဲပေါ့သွားတာပေါ့..
အမြဲအားပေးခင်နေမယ့်
လေပြေ
ဘယ်သူဘာပဲပြောပြောပါ
ကိုယ်ဖျားနေရင် ဘယ်သူပူပေးလဲ
ဘယ်သူဂရုစိုက်ပေးလဲ အချစ်မှာဆိုတာထက်
ချစ်လို့ပဲ ပေါင်းစပ်နိုင်ခဲ့ကြပြီ အချစ်စစ်ကိုသက်
သေပြနိုင်ခဲ့ကြပြီ ဘာသာမတူတာနဲ့ ကိုယ့်လက်
တွဖြော်ကလူမဟုတ်တော့တဲ့အတိုင်းပဲများ တွေးနေကြသလားလဲမသိပါဘူး ဖတ်ပြီးတော့စိတ်မကောင်းဘူး မကြီးလွမ်းစိတ်အမြန်ပျော်လာပါစေလို့ပဲဆုတောင်းပါတယ်ဗျာ
ခင်တဲ့
မောင်ငယ်
ကော်မန့်ပေးပြီး အားပေးနှစ်သိမ့်ကြတဲ့ မောင်နှမ
အားလုံးကို ကျေးဇူးတင်တယ်။ ခုလိုအားပေးနှစ်သိမ့်
စာလေးဖတ်ရတော့ ပိုပြီးအားရှိလာတယ်။ အားလုံးကို
ထပ်မံ ကျေးဇူးတင်ကြောင်း....
တစ်ဦးတစ်ယောက်ဆီကို နာမည်တပ်မရေးတော့ပါ။
မောင်နှမ အားလုံး.....သိုင်းကျူး
အားလုံးကိုခင်တဲ့
အလွမ်း
အဓိပ္ပါယ်ရှိလှတဲ့ စာလေးကို အားပေးသွားပါတယ်ခင်ဗျာ
အရမ်းကြိုက်ပါတယ်
ယောက္ခကြီးတစ်ယောက်.အတော်လေးကိုငိုကြွေးနေပုံရတယ် သီချင်းဆိုတဲ့ အဆိုတော်နာမည်တွေတောင်မှားလို့... ငါဝအောင်ငိုလိုက်မယ်သီချင်းသီဆိုသူမှာ အောင်လမဟုတ်ဘဲ... Dဖြိုးဖြစ်ပါကြောင်း...:P
ဘာသာရေး၊ လူမျိုးရေးတွေအကြောင်းတော့မပြောချင်တော့ပါဘူးဗျာ.ဘာသာတရားတိုင်းဟာ...မေတ္တာတရားကိုအခြေခံပြီး.လိမ္မာရေးခြားရှိဖို့.နူးညံ့တတ်ဖို့၊ စသည်ဖြင့်အကောင်းတွေပဲရှိပါတယ်.ယုံကြည်ကိုးကွယ်သူများရဲ့ ကျင့်ကြံလိုက်နာမှုအပေါ်ပဲမူတည်ပါတယ်ဗျာ။ လူတိုင်းဟာလည်း လောဘကိုအခြေခံ၊ ဒေါသတရားတွေလက်ကိုင်လို့...ဟိုလူမျိုးကတော့ကောင်းတယ်..ဒီလူမျိုးကတော့..ရိုင်းစိုင်းဆိုးသွမ်းတယ်ဆိုတာ.တရားသေသတ်မှတ်လို့မှမရတာ.... သင့်အားဘုရားသခင် ကောင်းချီးပေးပါစေသား....
စာလေးတွေကို ဖတ်ရင်း တစ်နေ့တာပင်ပန်းခဲ့သမျှတွေ ပျောက်ကုန်ပါပြီ ကျေးဇူးပါ
မှတ်သားစရာစာသားလေးတွေကိုလည်းမှတ်သားသွားပါတယ်နော် ပျော်ရွှင်စရာနေ့လေးတွေကိုပိုင်ဆိုင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
မကြီးလွမ်းကမှ လမ်းလျှောက်ရင် တွဲစရာ လက်ရှိသေးတယ် ....
ထရီဆာမှာတော့ လဲကျရင်တောင် ကိုယ့်ဟာကိုယ် ပြန်ထရတယ် ..
ညလေးကို မသနားဘူးလားဟင်းP
(နောက်တာပါ ကိုယ့်အမ စိတ်ညစ်တယ်ဆိုတော့ အပြုံးလေး ၁ ပွင့် ပွင့်သွားအောင်ပါ)
(မှတ်ချက်၊ ရီရဘူးနော် ...းP)
ထရီဆာမှာတော့ လဲကျရင်တောင် ကိုယ့်ဟာကိုယ် ပြန်ထရတယ် ..
ညလေးကို မသနားဘူးလားဟင်းP
(နောက်တာပါ ကိုယ့်အမ စိတ်ညစ်တယ်ဆိုတော့ အပြုံးလေး ၁ ပွင့် ပွင့်သွားအောင်ပါ)
(မှတ်ချက်၊ ရီရဘူးနော် ...းP)
ထရီဆာမှာတော့ လဲကျရင်တောင် ကိုယ့်ဟာကိုယ် ပြန်ထရတယ် ..
ညလေးကို မသနားဘူးလားဟင်းP
(နောက်တာပါ ကိုယ့်အမ စိတ်ညစ်တယ်ဆိုတော့ အပြုံးလေး ၁ ပွင့် ပွင့်သွားအောင်ပါ)
(မှတ်ချက်၊ ရီရဘူးနော် ...းP)
မကြီးလွမ်းရေ ဘာသာမတူလူမျိုးမတူလို့ ဆိုပေမယ့်
နှစ်ဦးသားအကြောင်းပါလို့ ပေါင်းဖက်ကြပြီးပြီပဲ
အရေးကြီးတာက တဦးပေါ်တဦး သစ္စာရှိဖို့ 
နားလည်ဖို့ ယုံကြည်ဖို့ ပဲလို အပ်တာပါ
အသိုင်းဝိုင်းကတော့ ဒီလိုပါပဲနော်
အချိန်တန်၇င်တော့ပြန်ပြီး အမြင်ကြည်လင်လာမှာပါ
အားမငယ်ပါနဲ့ ဗျာ
....ငိုနေတယ်ဆိုယုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး
လောကကြီးကို ချစ်သူနှစ်ဦး
ကြံကြံခံဖြတ်သန်းနိုင်ဖို့ ပဲ
ကြိုးစားပါလို့ တိုက်တွန်းအားပေးချင်ပါတယ်ဗျ
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
Post a Comment