Friday 12 October 2012

နားဆင်မိသော တစ်ပတ်တာ (ဂီတ)

ပထမဦးဆုံး  ဘလော့မှာလာလည်ကြတဲ့  မောင်ငယ်လေးများအတွက်  သီချင်းလေးတစ်ပုဒ်နဲ့   နှုတ်ဆက် လိုက်တယ်။ အလွမ်းရဲ့  မောင်ငယ်တွေအတွက်ရော  အွန်လိုင်းက  ခင်မင်ရတဲ့  မောင်ငယ်တွေအတွက်ပါ ရည်ရွယ်လိုက်ပါတယ်။ သီချင်းလေးနားဆင်ပြီး  ခွန်အားရနိုင်ပါစေ။
 
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
 
ကြားနေရ  ဖတ်နေရ မြင်နေရတဲ့သ တင်းတွေကြောင့်  စိတ်လည်းမချမ်းသာပါ။သို့သော်  ကိုယ်တိုင်လည်း အစွမ်းအစမရှိတော့  ဘာမှမလုပ်တတ်။ မဆီမဆိုင်  ဒီသီချင်းလေးတွေ  နားထောင်မိတယ်။ သီချင်းလေး ခံစားချင်တယ်ဆို  နားဆင်သွားပါရှင့်။
 
****************************************************

ဒုတိယ သီချင်းတွေကတော့ အမေ့အတွက်ပါ။ အောက်တိုဘာ (၁)ရက်နေ့က မနက်(၇)နာရီလောက် ကျမ ဖုန်းထဲကောလ်းတစ်ကောလ်း ဝင်လာပါတယ်။ကျမသိလိုက်ပါပြီ  ကျမ မွေးနေ့ကို  အိမ်က ဖုန်းခေါ်လာတာဖြစ်မည်။ ဖုန်းကိုင်လိုက်တော့ သေချာပါတယ်။ ကျမကို  (အမေက) မွေးနေ့နှုတ်ဆက်ခြင်းပါ။မွေးနေ့တိုင်း ပထမဆုံး  အမြဲနှုတ်ဆက်ဖြစ်တာကတော့ ကျမ  အမေပါဘဲ။ ဘယ်နေရာ ဘယ်ဒေသဘဲရောက်ရောက် ဒီအချိန်ရောက်ရင် ကျမဖုန်းမျှော်စရာမလိုဘဲ  အမြဲဖုန်းလာတတ်တယ်။ မိဘတွေရဲ့  မေတ္တာဟာ  ကြီးမားကြောင်း ကျမ  ပိုနားလည်လာတယ်။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့  ကျမရဲ့  အသက်တစ်နှစ်ကြီးလာတဲ့ မွေးနေ့လေးကို  လှပအောင် ဆေးချယ်ပြီး  ပျော်ရွှင်စေပါတယ်။အမေ့ကျေးဇူး မေတ္တာတွေကို မှန်းဆမိပြီး ခုအပတ်မှာ နားဆင်ဖြစ်တဲ့  ဒီသီချင်းလေးတွေ  စာဖတ်သူများကို  ပြန်လည်မျှဝေလိုက်ပါတယ်။

သီချင်းလေးတွေ  ကြိုက်တယ်ဆိုရင်  နားဆင်သွားပါရှင့်။

မျိုးကြီးရဲ့ (အမေ)

Muzicons.com @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

လောကမှာ  လူရယ်ဖြစ်လာပြီဆိုမှတော့  အမေ တစ်ဦးတည်းကြောင့်မဟုတ်ပါ။ အဖေရယ်ဆိုတာရဲ့  ကျေးဇူးတွေလည်း ပါဝင်တာမို့  အဖေနဲ့ပါတ်သက်သော သီချင်းလေးလည်း  ဒီအပတ်ထဲ  နားဆင်မိတာများကို  စာဖတ်သူများကို  ပြန်လည်မျှဝေလိုက်ပါတယ်။ နားဆင်ခံစားကြည့်ပါဦး။ 

မီးမီးခဲ - အဖေ
 
Muzicons.com ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အခုသီချင်းလေးကတော့  အိမ်နဲ့ပါတ်သက်တဲ့  ခံစားချက်ရှိသူတွေ  အတွက်ပေါ့။ ကိုယ်တိုင် အိမ်နဲ့ပါတ်သက်တဲ့  ခံစားချက်တွေရှိတာမို့   ဒီသီချင်းလေးတွေ  နားဆင်ပြီး  လာလည်သူများ  နားဆင်နိုင်ရန်  ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ဝိုင်ဝိုင်း (အိမ်လွမ်းသူ)
 





ခိုင်ထူး -အိမ်ပြန်ချင်တယ်
 
************************************************************

နောက်ဆုံးသီချင်း ၂ ကတော့ မြန်မာပြည်အလွမ်းပေါ့။

 ပြည်တော်ပြန်- (ရင်ဂို)







အထူးတောင်းပန်ချက် - ပထမပိုစ့်တင်ပြီး ပျက်သွားသောကြောင့် ယခုမှပြန်လည်  ပြင်ဆင်ပြီး ထပ်မံတင်ခြင်းဖြစ်သည်။ ပိုစ့်တင်ပြီး အချိန်နဲ့တစ်ပြေးညီ  အပြေးလာရောက်သွားတဲ့  မောင်နှမများ အားလုံးကို  အထူးတောင်းပန်ပါတယ်။ သီချင်းလေးတွေ နားထောင်ပြီး ကျေနပ်နိုင်ကြပါစေ။

စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ ကြပါစေ။
စာဖတ်သူများကို  အစဉ်လေးစား  ချစ်ခင်လျှက်
အလွမ်းမြို့လေး

7 comments:

မင်းအရိပ် said...

သီချင်းလေးတွေ လာနားထောင်သွားတယ်အစ်မရေ
အရမ်းကြိုက်ပါတယ်

ချစ်စံအိမ် said...

မမရေသီချင်းတွေအကုန်ကြိုက်တယ်..

စံပယ်ချို said...

သီချင်းတွေ ခုမှပဲတက်တော့တယ် အလွမ်းတို့များတော့လေ
ပြောတော့ပါဘူးနော်
ခိုင်ထူး သီချင်းလေး၂ခါနားထောင်ခဲ့တယ်
ချစ်တဲ့ sis jasmine

Yoemyaykya said...

မမလာအားပေးတယ်။ဟိုနေ့က ဘယ်လိုမှဖွင့်မရလို့ ဒီနေ့တစ်ခေါက်ထပ်လာတာ။

လရိပ်အိမ် said...

မကြီးလွမ်း
ဟေမာနေဝင်းကြိုက်တယ်။
သီချင်းဘယ်လိုတင်ရလဲ ၊ ပြောပြနော်။ ကျေးဇူး။

မိုးသူ(တောင်ကြီး) said...

မကြီးလွမ်းတို့ ကတော့

အိမ်နဲ့ ဝေးနေတဲ့သူတွေအတွက်

လွမ်းစရာသီချင်းတွေတင်နေတယ်


ခင်တဲ့
မိုးသူ(တောင်ကြီး)

တွတ်တွတ် said...

ယောက္ခမကြီးရဲ့..အိမ်ဦးသခင်.အချစ်အတုံးအခဲကြီး..ကျွန်တော့်ယောက္ခထီးကြီးအတွက်လည်း... နှစ်ကိုယ်တူ ချစ်သမျှ..သီချင်းလေးတော့မတင်ပေးဘူးဂျာ.....
အိုက်သချင်းကို..ကြိုက်မှကြိုက်စ်....:P