Saturday 27 October 2012

ညီမလေး..သို့..အပိုင်းအစများ -

အားလုံးဘဲ  မင်္ဂလာပါ။ဒီနေ့တော့ ကျမ နားထောင်ဖြစ်တဲ့ ဝါသနာရှင်မောင်ငယ်တွေရဲ့  သီချင်းလေးတွေနဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းလေးတွေတော့  ခွေထွက်လား  မထွက်လား  ကျမ သေချာမသိပါ။ ဂီတ ကိုနှစ်သက်  ခံစားမြတ်နိုး  တတ်သူတိုင်းအတွက်  ကျမ  ပြန်လည်တင်ဆက်  မိတ်ဆက်ပေးလိုက် ပါတယ်။ မောင်ငယ်တစ်ယောက်က  မကြီးလွမ်းဘလော့လေးမှာ  အဆင်ပြေရင်  တင်ပေးပါလားလို့  လာရောက်တောင်းဆို ထားလို့  ပြန်လည်မျှဝေ  တင်ပေးလိုက်ရခြင်းပါ။ ကျမလို  သီချင်းဝါသနာရှင်တွေ  ဂီတကို  ချစ်မြတ်နိုးသူတွေလည်း  နားဆင်ခံစားပြီး  ပျော်ရွှင်နိုင်ကြပါစေ။ သီချင်းလေးတွေက  ကျမ  အကြိုက်လေးတွေပါဘဲ။ သီချင်းအေးလေးတွေပါ။ 




စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး


မှတ်ချက်။ အားရပါးရ အားပေးသွားပါရှင်။ လက်မှတ်ဈေးကြီးပေးဝယ်စရာမလိုပါ။

7 comments:

ချစ်စံအိမ် said...

သီချင်းတွေအကုန်ကောင်းတယ်အားပေးသွားပါတယ်..

စံပယ်ချို said...

လက်မှတ်ဝယ်စရာမလိုဘူးဆိုလို့နော်
အားရပါးရ ၂ခါ အားပေးသွားတယ်
အားလုံးကောင်းတယ်(ပိုက်ဆံမပေးရလို့မဟုတ်ပါ)
ချစ်တဲ့ sis jasmine

3rdthameetaw said...

လိုင်းမကောင်းလို့  နားမထောင်ခဲ့ရဘူးအလွမ်းရေ

Candy said...

သီချင်းလေးတွေ လာနားထောင်တယ် မကြီးလွမ်း...
အကုန်မပြီးသေးဘူး ပြီးမှ ပြန်လာနားထောင်မယ်... လောလောဆယ်နားထောင်သွားတဲ့သီချင်းတွေ အကုန်ကြိုက်တယ် ^_^

Phyu Lwin said...

နားထောင်ပြီင်္းသလောက်တော့ ကောင်းတယ် မမ.. နောက်မှ အကုန်ပြန်လာနားထောင်ရဦးမယ်

မိုးသူ(တောင်ကြီး) said...

အားရပါးရအားပေးချင်ပေမယ်

မြန်မာနိုင်ငံကွန်နက်ရှင်ကို

အန်တုနေရတယ်ဗျာ

ကျေးဇူးပါ မဂျီးလွမ်းရေ

ခင်တဲ့
မိုးသူ(တောင်ကြိး)

မိုးသူ(တောင်ကြီး) said...

အားရပါးရအားပေးချင်ပေမယ်

မြန်မာနိုင်ငံကွန်နက်ရှင်ကို

အန်တုနေရတယ်ဗျာ

ကျေးဇူးပါ မဂျီးလွမ်းရေ

ခင်တဲ့
မိုးသူ(တောင်ကြိး)