အားလုံးဘဲ မင်္ဂလာပါရှင်။ ကျမ ဘလော့လေးနဲ့ ဝေးနတာကြာပြီဖြစ်သလို ပိုစ့်သစ်တွေလည်း မတင်ဖြစ်ပါဘူး။ ဒီနေ့တော့ ကျမ ပိုစ့်လေးအမှတ်တရ တစ်ခုတင်လိုက်ပါတယ်။ ဒီအပတ်ထဲမှာ လက်ဆောင်ရခဲ့တဲ့ ကျမအတွက် လက်ဆောင်ပေါ့။ လက်ဆောင်ရလို့ ပျော်နေတယ်။ ဘာလက်ဆောင်လို့ ထင်ကြမလဲ။အဟီး...အိုင်ပတ်လည်းဟုတ်ဖူး...ချောင်းပတ်....လည်းဟုတ်ဖူးနော်။
သများတွေဘလော့ကို အလည်သွားရင် မြင်လိုက်ရတဲ့ လက်ဆောင်တွေက အားရကျေနပ်စရာပေါ့။ ခေတ်အကြိုက်လေးတွေ အမျိုးသမီးဆိုလည်း အမျိုးသမီး အသုံးဆောင် စလင်းဘက်....လက်သည်းဆိုးဆေး.... မိတ်ကပ် ... ရေမွှေး....အကျီဒီဇိုင်းလှလှ...နောက်ဆုံးပေါ် အိုက်ပတ်လား....အိုင်ဖုန်း......ဆမ်ဆောင်း ...လက်တော့လား ဘာညာကွိကွ မြင်ရမယ်။
ကျမရဲ့လက်ဆောင်ကတော့ ဘယ်သူမှမကြိုက်လည်း လက်ခံရရှိသူ ကျမကြိုက်တယ် နှစ်သက်တယ်။ သူငယ်ချင်းမှလည်း စေတနာရှေထား အလုပ်မအားတဲ့ကြားက ပို့ပေးတာမို့ ပိုပြီးတန်ဖိုးထားတယ်။ ကျမလက်ဆောင်လေးကို သူငယ်ချင်းများကိုလည်း မျှဝေလိုက်ပါတယ်။ဖတ်ပြီးသူတွေရှိသလို မဖတ်သေးသူတွေအတွက်လည်း ဝယ်ဖတ်လို့ရအောင်ပါ။
အင်တာနက်ကနေတော့ အလကားဖတ်လို့ရပေမဲ့ ကျမအတွက်ကတော့ အင်တာနက်နဲ့ဖတ်ရတဲ့ အရသာရယ် စာအုပ်ကိုင်ပြီးဖတ်ရတဲ့ အရသာ မတူဘူးလို့မြင်ပါတယ်။ ဒီအပတ်လေးမှာ လက်ဆောင်ရရှိတဲ့ စာအုပ်လေးအတွက် ပို့ပေးသူသူငယ်ချင်း (နန်းထွေး)ကို အထူးကျေးဇူးတင်ပါတယ်လို့ ဒီပိုစ့်လေးကနေ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။
သူငယ်ချင်းက အိုင်ဖုန်းပို့ပေးရင်တောင် ကျမလို မျောက်တောင်ရှုံးတဲ့သူက ကလိရင် ပျက်ရင်ပျက်ဦးမယ်။သူငယ်ချင်းပို့ပေးတဲ့ စာအုပ်လေးက ကျမဘဝအတွက် အမှတ်တရတွေနဲ့ လေ့လာလိုက်လျှောက် စရာတွေရယ် ဘဝအတွက် ပြောင်းလဲမှု့ လေ့ကျင့်မှု့လေးတွေပေးနိုင်ပြီး ကျမအတွက် အကောင်းဆုံးလေးတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်။
သများတွေရရှိတဲ့ လက်ဆောင်လေးတွေနဲ့ ကွာခြားပေမဲ့ ကျမ ကျေနပ်ပါတယ်။
အောက်မှာ ကျမလက်ဆောင်လေး. .......
9 comments:
တန်ဖိုးရှိတဲ့ လက်ဆောင်လေးကို
တန်ဖိုးရှိရှိ အသုံးပြုနိုင်ပါစေ လွမ်းရေ
လက်ဆောင်လေးတွေက "ထူး မှ ထူး"
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
တကယ်ကိုတန်ဖိုးရှိတဲ့လက်ဆောင်လေးတွေပါ
သတိတရရှိတာကိုလဲကျေးဇူးပါအလွမ်းရေ
ချစ်တဲ့ sis jasmine
တအုပ်လောက်မျှပါအုံး
အဲလို အရမ်းတန်ဖိုးရှိတဲ့လက်ဆောင်လေးများဆို ညလေးလည်း များကြီး များကြီး လိုချင်မိပါ၏ ... :P
ညလေးလဲ လိုချင်တယ်...
တန်ဖိုးရှိတဲ့လက်ဆောင်လေးပါမမရေလမင်းမဖတ်ရသေးဘူး မှာအုံးမှာပဲ
တန်ဖိုးရှိတဲ့ လက်ဆောင်မွန်ပေါ့.. မကြီးရေ.. ကံကောင်းတာပဲ.. :)
စိတ်ထဲရှိတာပြောရရင်
စာအုပ်တွေအများကြီးဖတ်ချင်တယ်။
Post a Comment