Thursday 20 December 2012

သူငယ်ချင်းအလွမ်းပြေ

သူငယ်ချင်း
ဖြူစင်တဲ့ ခင်မင်မှု့နဲ့
ခင်လာတဲ့  သံယောဇဉ်အတိုင်း
အကြင်နာ မပျက်တဲ့မေတ္တာတွေထုပ်ပိုးပြီး
သိုသိုသိပ်သိပ်နဲ့ ထာဝရ အမြဲ ခင်မင်နေကြမယ်။

......မှ.....
အလွမ်း




ပင်လယ်တွေခြား မိုင်ထောင်ချီလည်း
မင်းအသံကြား ငါ့စိတ်ထဲဝယ်
နီးနီးလေးကွယ်
သူငယ်ချင်းရယ်

......မှ....
အလွမ်း


နှစ်ပေါင်းများစွာ ဝေးကွာခဲ့လည်း
ရင်ထဲမှာကွယ် ခင်မင်မပျက် 
မြဲလိုမှတ်ရ စိတ်တမ်းတ

.....မှ....
အလွမ်း


ပြန်ဆုံချင်တဲ့ အသိစိတ်တွေနဲ့ သတိရစိတ်တွေမြိုသိပ်
တစ် န  ကွယ်တစ်နေ့ရောက်ဖို့အရေး
စိတ်မှာငါအမြဲတွေး

.....မှ.....
အလွမ်း



မှတ်ချက်... ခုတလော ၁၅နှစ်ကျော်ဝေးခဲ့တဲ့ သူငယ်ချင်းနဲ့  ဖုန်းအဆက်သွယ်ရပြီး
လွမ်းစိတ်ပိုလာလို့  ရေးချင်တာရေးပစ်လိုက်တာ။ကျမ သူငယ်ချင်းက ကျမအတွက် အကောင်းဆုံး မိတ်ဆွေတစ်ဦးဖြစ်ခဲ့တယ်။ကျမရဲ့  အနွံတာ အနစ်တာ ခံခဲ့သူမို့ ပိုလိုလွမ်းမိတယ်။

10 comments:

ချစ်စံအိမ် said...

လွမ်းနေတာ မမစာလေးဖတ်တော့အလွမ်းတွေဆင့်ပွားလာပါတော့တယ် မမပျောက်နေတယ် နေကောင်းလား..

3rdthameetaw said...

သူငယ်ချင်းတွေ နဲ့ ပြန်ဆုံနိင်ပါစေ
အလွမ်းရေ

စံပယ်ချို said...

သူငယ်ချင်းအတွက်ရေးတဲ့ကဗျာလေး
ခံစားရတယ်အလွမ်းရေ.....
ကိုယ့်သူငယ်ချင်းလေးတွေကိုရုတ်တရက် သတိရလိုက်တယ်
ပျောက်ချက်သားကောင်းပြီး
ကဗျာကောင်းလေးနဲ့ပြန်လာတယ်ပေါ့နော်..
၂၈-၁၂-၂၀၁၂ ဂျက်မွေးနေ့နော်အလွမ်းရေ

Candy said...

မကြီးလွမ်းတို့က နာမည်နဲ့လိုက်အောင်ကို လွမ်းတတ်တယ် :D :D

စံပယ်ချို said...

တင်တင်ခြင်းပဲ လာဖတ်ပြီးမန့်ခဲ့တယ်အလွမ်းရေ
ရှိဘူးနော်ဘယ်ပျောက်သွားလဲတိဝူးအေ.....

လရိပ်အိမ် said...

ရင်ထဲအမြဲရှိတဲ့ သူငယ်ချင်းကို သတိရနေတာ မကြီးလွမ်းကဗျာဖတ်ပြီး ပို သတိရသွားပြီ။

အိပ်မက်ကောင်းကင် said...

ကဗျာလေးတွေကိုဖတ်ရင်း သူငယ်ချင်းအားလုံးကို လွမ်းမိတယ်
ပျော်ရွှင်စရာ ဒီဇင်ဘာလေးဖြစ်ပါစေနာ်
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

မကြီးလွမ်းရေ..ပျောက်နေတယ်နော်.....
မကြီး ကဗျာလေးဖတ်ပြီး အဝေးနေရာတွေက
သယ်ရင်းတွေကို သတိရမိတယ်...
ချစ်တဲ့...မိုးနတ်

မိုးသူ(တောင်ကြီး) said...

ငယ်သူငယ်ချင်းတွေကို

ပြန်သတိရလိုက်တာဗျာ

အခုတော့ တနေရာဆီဝေးနေကြရတယ်ဗျ

ကြည်ဖြူခင်ခင် said...

မကြီးလွမ်း.. လွမ်းတဲ့ထဲမှာ ညလေးကိုတော့ မပါဘူးမှတ်လား.. တကယ်လွမ်းတယ်.. လာပါဦး.။