ကျမမှာ ချစ်စရာမဟူရာ အမဲလေးတစ်တုံး ပိုင်ဆိုင်ထားတယ်။ အဲဒီမဟူရာလေးကို ကျမ သိပ်မြတ်နိုးတယ် တန်ဖိုးထားတယ် သံယောဇဉ်ရှိတယ်။ ကျမ ဒီမဟူရာတုံးလေးကို ပိုင်ဆိုင်ခဲ့စဉ်တုန်းက မဟူရာလေးဟာ ကျမအတွက် တန်ဖိုးရှိတဲ့ မဟူရာ အဖိုးမဖြတ်နိုင်တဲ့ မဟူရာလို့ ကျမ မထင်ခဲ့ဖူး။ ခုတော့ ကျမလက်ထဲ ပိုင်ဆိုင်ထားတဲ့ မဟူရာလေးဟာ သာမာန်မဟူရာလေးမဟုတ်ဘဲ ကျမ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာလေးပါဘဲ။
ဘယ်လောက်တန်ဖိုးကြီးတဲ့ ရတနာလေးတွေနဲ့ ကျမ ပိုင်ဆိုင်ထားတဲ့ မဟူရာအမဲလေးကို လဲပေးပါဆို ကျမ မလဲနိုင်ပါဘူး။ တစ်နေ့ထက်တစ်နေ့ ကျမ ဒီမဟူရာလေးကို သံယောဇဉ်တွယ် ပိုမြတ်နိုး တန်ဖိုးထား တတ်လာတယ်။
သူဟာ ကျမထက် အသက်ကြီးပေမဲ့
သူဟာ ကျမလို မျက်စိမမှုန်သေးဘူး။
သူဟာ ကျမထက် အသက်ကြီးပေမဲ့
သူမှာ ကျမလို သွားဝေဒနာ မခံစားရဘူး။
သူဟာ ကျမထက် အသက်ကြီးပေမဲ့
သူ့ဆံပင်တွေဟာ ကျမဆံနွယ်လို မဖြူသေးဘူး။
သူဟာ ကျမထက် အသက်ကြီးပေမဲ့
သူမှာ ကျမလောက် ခန္ဓာဝေဒနာ မထူပြောဘူး။
မနက်မိုးလင်းလို့ အိပ်ယာကနိုးတိုင်း ကျမ အနားလာပြီး အမြဲပြုံးပြ နှုတ်ဆက်ပြီး စကားချိုချိုနဲ့ စနောက်ခဲ့ပြီး မင်္ဂလာရှိသော မနက်လေးကို နိုးစေခဲ့တိုင်း ကျမ တိတ်တိတ်လေး ကျေနပ်ခဲ့တယ်။
မျက်နှာသစ်ပြီးတိုင်း ကျမမျက်နှာသုတ်ဖို့ ပုဝါလေးအမြဲယူပြီး ကိုယ်တိုင်သုတ်ပေးတတ်တဲ့ သူ့ ဂရုဏာတွေကြား ကျမ ပျော်ဝင်ခဲ့တယ်။
မနက်စာမလွတ်အောင် သတိရှိစွာနဲ့ အမြဲနှိုးဆော်ပေးတဲ့ သူ့ရဲ့ စေတနာကိုလည်း ကျမ လေးစားမိတယ်။
နေ့တိုင်းလိုလို ဘယ်နားထားမိမှန်းမသိဘဲ ခဏခဏပျောက်နေတဲ့ ကျမရဲ့ ကိုယ်ပွားမျက်မှန်လေးကို စိတ်ရှည်စွာ အမြဲရှာယူပေးတတ်တဲ့ သူ့အကြင်နာကိုလည်း ကျမ ခင်တွယ်မိတယ်။
အစာစားပြီးတိုင်း သွားနာလို့ အံကြိတ်ခံရတိုင်း သွားထဲဓါတ်မှီးထိုး သေချာစစ်ဆေး ဂရုစိုက် အမှိုက်ရှင်းပေးတဲ့ သူ့ရဲ့ အပြုစုကြား ကျမ ပြုံးမိတယ်။
ဆံပင်တွေ စည်းတင်လိုက်တိုင်း ဇရာကပြောလာတဲ့ ဆံနွယ်ဖြူလေးတွေကို တယုတယ ကောက်ယူနှုတ် ပေးတတ်တဲ့ သူ့ဂရုစိုက်မှု့တွေကြား ကျမ ပီတိဖြစ်ခဲ့ရတယ်။
ခန္ဓာတွေ ဝေဒနာပြတိုင်း သူကိုယ်တိုင်ချက်ပြုတ် ကျမစားချင်တာလေးတွေ ရွေးဝယ် စိတ်အလိုအတိုင်း မငြီးမငြူ ပျော်ရွှင်စွာချက်ကျွေး သူ့အလေးထားမှု့တွေကို ကျမ တန်ဖိုးမဖြတ်နိုင်ဖြစ်ခဲ့တယ်။
ကျမဟာ သူ့ဇနီးပါ။ သူဟာ ကျမရဲ့ အိမ်ဦးနတ်ပေါ့။ ဒါပေမဲ့ ကျမတို့နှစ်ယောက်ရဲ့ ချစ်ခြင်း အပြစ်ကင်းကြသလို ကျမကို သူ့ဇနီးလိုတစ်ဖုံ သူ့သမီးလိုတစ်မျိုး သူ့ညီမလိုတစ်သွယ် ခင်တွယ် ဂရုစိုက်ကြင်နာ ခဲ့တယ်။
အချိန်တွေမျှောရင်း ဖြတ်သန်းလာခဲ့တာ ခုဆို ကြင်နာသက်(၅)နှစ်ပြည့်တော့မယ်။ သူ့အသက်တောင် (၃၇)ပြည့်သွားပြီ။ အချိန်တွေပြောင်းလဲ လာသလို ကျမ သူ့အပေါ် ပိုလို့ပိုလို့တိုး ချစ်လာခဲ့တယ်။ လေးစား လာခဲ့တယ်။ မြတ်နိုးလာခဲ့တယ်။
လူတိုင်းအတွက်မဟုတ်သော်ငြား ကျမ အတွက်ကတော့ ဒီမဟူရာအမဲလေးကို ကျမ ဘယ်အရာနဲ့မှ အစားထိုး မလဲနိုင်ပါဘူး။ ကျမ သူ့ကိုချစ်စနိုးနဲ့ (မဟူရာလေး)လို့ခေါ်ပါတယ်။ မဖြူသော အသားနဲ့ ဖြူစင်သောနှလုံးသားရှိတာ ကျမ ချစ်သော မဟူရာလေးပါဘဲ။ ကျမ အတွက်တော့ တန်ဖိုးကြီးမာတဲ့ မဟူရာလေးပါဘဲ......
မဟူရာလေးရေ မွေးနေ့လေးမှာ ကျန်းမာပျော်ရွှင်ပြီး လိုရာဆန္ဒတစ်လုံးတစ်ဝ ပြည့်ဝပါစေ။ ကျမ ကိုယ်လည်း ဒီထက်ပိုချစ်နိုင်ပြီး တူညီသော ချစ်ခြင်းတွေနဲ့ ကြင်နာစွာလက်တွဲရင်း နားလည်မှု့တွေနဲ့ ဘဝဆုံးတိုင် ချစ်ခြင်းများနဲ့ ပျော်ရွှင်စွာဖြတ်သန်းကြပါစို့.....
ကျမ ပိုင်ဆိုင်တဲ့ မဟူရာလေးရေ ဟက်ပီးဘတ်ဒေးလို့ နှုတ်ခွန်း ဆက်လိုက်ပါတယ်။ဒီနေ့ ဇန်နဝါရီ (၇)ရက် (၂၀၁၃)ခုနှစ် အစ သူရဲ့ (၃၇)နှစ်မြှောက် မွေးနေ့လေး ပါဘဲ။
မွေးနေ့ရှင် မဟူရာလေးနဲ့အတူ စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။
စာဖတ်သူများကိုအစဉ် လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
10 comments:
မဖြူသော အသားနဲ့ ဖြူစင်သောနှလုံးသားရှိတာ ကျမ ချစ်သော မဟူရာလေးကိုပဲ
ဂျက်လဲ လာရောက်ခံစားရင်းပေါ့နော်
မဂျက်က...သစ်ပင်လေ...သစ်ပင်ကောက်လေး ကို အမြဲပြောတော့ အလွမ်းလည်း အားကျမခံ မဟူရာ
လေးကို ထုတ်ကြွားပစ်တာ..အဟီးးးးးးး
ချစ်တဲ့
အလွမ်း
အမရေ...ရင်ထဲကခံစားချက်တွေနဲ့စကားတွေ
မို့လားမသိဘူး...စကားလုံးတွေက
အထူးတလည်မရေးရပါပဲ ကောင်းနေတယ်နော်
အမတို့ကို ညလေးလဲ အားကျလိုက်တာ..
သိပ်ချစ်ကြတာပဲလားဟင်....မကြီးလွမ်း..
ညလေးမှာတော့ အဲလိုကြွားစရာရှိဘူးဗျ..
မကြီးလွမ်းရဲ့ မဟူရာလေး မွေးနေ့မှာ မကြီးနဲ့
တူတူပျော်နိုင်ပါစေဗျာ....
ချစ်တဲ့.....မိုးနတ်
တန်ဖိုးမဖြတ်နိုင်သောမဟူရာဆိုတာ ဘာများလဲလို့ ဖတ်လာလိုက်တာ
မဖြူသောအသားနဲ့ ဖြူစင်သော နှလုံးသားရှိသော ကျမ ချစ်သော မဟူရာလေး ကိုးးးးးးး
အင်းးးးး သူများတွေထုတ်ကြွားနေကြပြီ အနော်လည်း ထုတ်ကြွားစရာရှာထားမှ :P
မကြီးလွမ်းကော် မကြီးလွမ်းရဲ့ မဟူရာလေးကော် မွေးနေ့မှာပျော်ရွှင်နိုင်ပြီး
ဘ၀ခရီးကို အတူလက်တွဲဖြတ်သန်းသွားနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
အဟမ်း .. အဟမ်း .. :P အမ နှစ်ယောက်က အပေါ်က ကြွားတုန့်လှယ်နေကြတာ ... :(
မကြီးလွမ်းရဲ့ မဟူရာလေးနှင့်အတူ ဆံဖြူသွားကျိုးထိ ဖြတ်သန်းနိုင်ပါစေလို့ ...
ထရီဆာ :)
ကြည်နူးစရာလေးနော မမချစ်တဲ့ မဟူရာလေးနဲ့ မခွဲအတူ အမြဲပျော်ရွှင်ပါစေ မမ
~ Kk ~
မဟူရာလေးတဲ့ ဟိ ။ချစ်နိုင်ကြပါစေ ။
“ဟက်ပီဘတ်ဒေးပါ မမချစ်သော မဟူရာ” ... ကြည်နူးအားကျစရာပါလား မမရေ ... ဖတ်ရင်းနဲ့ညလေးတောင် အားကျသွားတယ်ဗျာ ... :P
မကြီးလွမ်းရေ... မကြီးချစ်တဲ့ ကိုကြီးမဟူရာနဲ့ ရိုးမြေကျပေါင်းသင်းရပြီး နှစ်တိုင်းလည်း ပျော်စရာမွေးနေ့တွေကို ပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုတောင်းပေးတယ်နေုာ်.. နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါ..
ချစ်တဲ့
ကြည်ဖြူ
ဒီလိုဆိုပြန်တော့လည်း..ကြင်သူသက်ထားဇနီးမယားလေးတစ်ယောက်နဲ့ထာဝရလက်တွဲမိချင်ပြန်သားဗျာ....
မူလလက်ဟောင်းအတိုင်းပါပဲ.ရချင်ရ.မရချင်နေ..ဆိုတဲ့ထုံးနှလုံးမူလို့...2014 အမှီ တွတ်တွတ်အစွံထုတ်ရန်ရှိသည်လို့ပဲ..ဆက်လက်ခရီးဆက်တာပေါ့.....:P
Post a Comment