Monday 25 February 2013

လက်ဆင့်ကမ်းကြော်ငြားပြီးဖိတ်ခေါ်ခြင်း

အားလုံးဘဲ မင်္ဂလာပါရှင်။ ဒီနေ့တော့ ပိုစ့်လေးတစ်ပုဒ်ကို လက်ဆင့်ကမ်းပြီး ကြော်ငြာပေးချင်ပါတယ်။ ဖေ့ဘွတ်သုံးသူများ ဒီပိုစ့်လေးကို တင်ဆက်ရေးသားသူ အမဧသန့်နဲ့ ခင်မင်ရင်းနှီးသူများကလည်း သိပြီးနေပြီလို့  ကျမယုံကြည် ယူဆထားပါတယ်။ သို့သော်ငြားလည်း ဖေ့ဘွတ်မသုံးသောသူများနှင့် ကျမနှင့်ရင်းနှီးသော မိတ်ဆွေများအားလည်း ကျမဘလော့မှတဆင့် သိစေလိုပြီး အလှူရှင် ဖိတ်ခေါ်လိုခြင်းကြောင့် ခုလို ကျမ ဘလော့လေးမှာ ဒီအလှူအကြောင်းနဲ့ ပါတ်သက်တဲ့ပိုစ့်လေး ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ဦးစွာပထမ စာဖတ်သူများကို  အသိပေးစေလိုတာကတော့  ကျမ ယ္ခုတင်သောပိုစ့်မှာ အလှူခံပိုစ့် မဟုတ်ပါ။အလှူရှင် ဖိတ်ခေါ်ခြင်းသာဖြစ်သည်။ အလှူအတန်းဝါသနာပါပြီး သဒ္ဒါတရားထက်သန် သူတွေအတွက် အလှူရှင်တွေ လိုအပ်နေသော နေရာလေးအကြောင်းကို ဖော်ပြပေးစေလိုသော ရည်ရွယ်ချက်သာဖြစ်သည်။ ထို့နည်းတူ မိမိ၏ အမှတ်တရနေ့ရက်များ မွေးနေ့များတွင်လည်း အလှူအတန်းပြုပြီး ကုသိုလ်ယူနိုင်စေရန် ပြည်တွင်းပြည်ပ စေတနာရှင်များအားလုံးကို ယ္ခုတင်သောပိုစ့်လေးမှ မိဘမဲ့ကလေးများ နားခိုရာ နေရာလေးဖြစ်သော (ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းလေး)မှ အလှူရှင်များ လိုအပ်ပါကြောင်း အကြောင်းကြားပေးသော စေတနာ ပိုစ့်လေးသာ ဖြစ်ပါသည်။

လက်ရှိ ပရဟိတလုပ်သူတွေ  များပြားလာတာမို့ အွန်လိုင်းမောင်နှမများမှလည်း အဖွဲ့စည်းနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ပရဟိတကိုဦးတည် အလှူအတန်းများ အထူးလုပ်ဆောင်လာကြတာ  အများကြီး ရှိသည်ကို ကျမတို့လည်း သိထားပါတယ်။ ထို့ကြောင့် အလှူအတွက်ဆို လိုအပ်သော နေရာများစွာရှိသည်မို့ မိမိတို့ စိတ်အားထက်သန်သည့် နေရာတွင် ပါဝင်လှူဒါန်းနိုင်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဒီနေရာလေးကို လှူပါလို့ ကျမမတိုက်တွန်းပါ။သို့သော် ကျမတို့ (ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းလေး)တွင် ပါဝင်လှူဒါန်းလိုသော စိတ်ဖြစ်ပေါ်လာပါက ကျမတို့ဘက်မှ ဝမ်းမြှောက်ဝမ်းသာနှင့် နွေးထွေးစွာ ကြိုဆိုပါတယ်။ ယ္ခု တင်ပြထားသော  မိဘမဲ့ခလေးများရှိသော  (ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းလေး)  မိဘမဲ့ ခလေးများအတွက်ဖြစ်ပါတယ်။

^^^^^^(ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းလေး)ကို^^^^^^^ 
ကျမနဲ့ရင်းနှီးသော စကာင်္ပူမှ ချစ်မ မဧသန့်နှင့် မိတ်ဆွေများမှ ဦးဆောင်လှူဒါန်းလာသည်မှာ ယနေ့ဆို(၃)နှစ်ကျော်လာပြီဖြစ်ပါတယ်။ ကျမလည်း ဖေ့ဘွတ်ထဲရောက်မှ ဒီအလှူလေးကို သိခဲ့ရတာမို့ ကျမလိုဘဲ ဖေ့ဘွတ်မဝင် မသုံးတဲ့သူများလည်း ဘလော့ထဲမှတဆင့် သိရှိပြီး လှူဒါန်းနိုင်ရန် ကျမမှ အမဧသန့်တင်ထားသော ပိုစ့်လေးကို ခွင့်တောင်းပြီး ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ ကျမကိုယ်တိုင်ကလည်း  ယ္ခု (၂၀၁၃) ဇန်နဝါရီလမှစ စတင်လှူဒါန်းသွားမှာမို့ စိတ်ပါဝင်စား လှူဒါန်း ချင်သူများ ပါဝင်လှူဒါန်းလို့ရပါတယ်ရှင်။

ဖေ့ဘွတ်မှာ အမဧသန့်တင်ထားသော ပိုစ့်လေးကို ဖော်ပြပေးလိုက်ပါတယ်။ 
ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်းအလှူရှင်များကိုဖိတ်ခေါ်ပါတယ်
Updated on Friday
-ကျမဒီနေ့ အလှူခံတဲ့စတေးတပ်လေး ရေးပါရစေ။ -ကျမ နဲ့ သူငယ်ချင်းမိတ်ဆွေတွေပေါင်းပြီးလှူနေတဲ့ ညောင်ကန်အေး လောကချမ်းသာ ပရဟိတကျောင်းအတွက် ဖြစ်ပါတယ်။ -FB ကနေတော့ တခါမှ အလှူမခံဘူးပါဘူး။ -သူငယ်ချင်းမိတ်ဆွေတွေက FBကနေအလှူခံကြည့်ပါ, ဘလော့ရှိရင် လည်းရေးပါလို့ တိုက်တွန်းတာကြောင့် ဖြစ်ပါတယ်။ -ကျမမှာဘလော့မရှိတော့ FBကနေဘဲ အလှူခံပါရစေ။ -ညောင်ကန်အေး လောကချမ်းသာပရဟိတကျောင်း၌ မိဘမဲ့ကလေးဦးရေ(၁၀၀)ကျော်ရှိပါတယ်။ -အမြဲနေကျောင်းအိပ် ကျောင်းစားကလေး (၃၅)ဦးရှိပါတယ်။ -ကျန်တဲ့ကလေးများက နီးစပ်ရာရပ်ကွက်, ရွာများမှလာပြီး စာသင်ကြပါတယ်။ -အဲဒီမရှိနွမ်းပါးမိဘများမှကျောင်းမထားနိုင်သော် ကလေးများ ကိုလည်း -ပရဟိတကျောင်းမှ ကျွေးမွေးခြင်း, စာသင်ပေးခြင်း, အဝတ်အစား ,ကျောင်းသုံးစာရေးကိရိယာများလည်း ထောက်ပံပေးပါတယ်။ -ပရဟိတကျောင်းရှိ သံဃာတော်အရှင် သူမြတ်များ,မိဘမဲ့ကလေးများ, မရှိနွမ်းပါးဆင်းရဲသော ကလေးများအတွက် -ဆွမ်းအာဟာရဒါနလှူဒါန်း လိုသော အလှူရှင်များကိုဖိတ်ခေါ်ပါတယ်။ 
(၁)အာရုံဆွမ်းအာဟာရဒါနအတွက် ၃၀,၀၀၀ကျပ် 
(၂)နေ့ဆွမ်းအာဟာရဒါနအတွက် ၁၀၀,၀၀၀ကျပ် ဖြစ်ပါတယ်။ 
(၃)ကလေးများအတွက် ကျောင်းသားဝတ်စုံ တစ်စုံကို -၃၀၀၀-ကျပ် 
(၄)စာရေးကိရိယာများ- ဗလာစာအုပ်တစ်ဒါဇင် - ၂၀၀၀-ကျပ် 
ခဲတန် တစ်ဒါဇင် - ၁၂၀၀-ကျပ် 
ခဲဖျက် တစ်ဒါဇင် - ၆၀၀-ကျပ် 
ဘောပင် တစ်ဒါဇင် - ၂၀၀၀-ကျပ် ဖြစ်ပါတယ်။ 
မိမိစိတ်ပါဝင်စား စေတနာထက်သန်ရာကိုရွေး လှူဒါန်းနိုင်ပါတယ်ရှင်။




-မြန်မာပြည်မှ မိတ်ဆွေသူငယ်ချင်းများ လှူဒါန်းလိုပါက ဘုန်းဘုန်းကို တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ -စင်ကာပူနဲ့တခြားနိုင်ငံက မိတ်ဆွေသူငယ်ချင်းများ လှူဒါန်းလိုပါက ဘုန်းဘုန်း (OR) ကျမကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ -ကျမတို့ အမိမြန်မာပြည်ရဲ့အနာဂတ် မျိုးဆက်သစ်ကလေးများကိုမိမိတို့ရင်သွေး,တူတူမလေးများနဲ့မခြား,မိမိတို့တက်စွမ်းသမျှလှူဒါန်းနိုင်စေလိုသောဆန္ဒဖြင့် တိုက်တွန်း လိုက်ရပါတယ်။ 
ဆက်သွယ်လှူဒါန်းနိုင်ရန် 
အရှင်ညာဏိသာရ(မော်လူး) HP: 09 5412339 
အရှင်ဦးဝိစာရ HP:09 5414214 
 ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်း 
ညောင်နှစ်ပင်စိုက်ပျိုးရေးအထူးဇုန်(၂) 
လှည်းကူးမြို့နယ်,ရန်ကုန်မြို့
 မဧဧသန့် HP: 81337316,66517547
အမဧသန့်ရဲ့ ဖေ့ဘွတ် မူရင်းလင့်လေးပါ ထည့်ပေးလိုက်ပါတယ်။http://www.facebook.com/?ref=tn_tnmn#!/media/set/?set=a.10200248107036794.173433.1576437148&type=1) ဒီနေရာလေးမှာလည်း ဝင်ရောက် ဖတ်နိုင်ပါတယ်။ 







အထက်ဖော်ပြပါ ပိုစ့်နှင့်ဓါတ်ပုံသည် ဖေ့ဘွတ်မှ ခင်မင်ရသော အမဧသန့်တင်ထားသော မူရင်းပိုစ့်လေးသာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း နေထိုင်ကြသော အလှူရှင်များမှလည်း စိတ်ပါဝင်စား လှူဒါန်းချင်ရင် **ဘုန်းဘုန်းအရှင်ညာဏိဿရ(မော်လူး) နှင့် အရှင်ဦးဝိစာရ **တို့ထံ  ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
စကာင်္ပူနှင့် တစ်ခြားပြည်ပတွင်နေထိုင်ကြသော အလှူရှင်များလည်း စေတနာထက်သန်ပြီး ပါဝင်လှူဒါန်းချင်ရင် စလုံးတွင် တာဝန်ယူထားသော အမဧသန့်ထံ ဖုန်းဖြစ်စေ မက်ဆေ့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။ အမဧသန့်၏ ဖုန်းနံပါတ်များမှာ ( 81337316  နှင့် 66517547) တို့သာ ဖြစ်ပါတယ်။ 

အီးမေလ်းဖြင့် ဆက်သွယ်ချင်ရင်  ကျမ alwanmyolay@gmail.com ကိုလည်းဆက်သွယ်လို့ရပါတယ်။ အမဧသန့်၏  ခွင့်ပြုချက်ရခဲ့ရင်  သူ့အီးမေလ်းကို ဖော်ပြပေးသွားပါမယ်။

ယ္ခုအလှူလေးမှာ လစဉ် စိတ်တူကိုယ်တူ စေတနာသက်သန်သူများမှ  စကာင်္ပူ(၅)ဒေါ်လာသတ်မှတ် ကောက်ခံပါတယ်။ (၁)နှစ်တွင် (၃)ကြိမ် (၄)လ တစ်ကြိမ်အလှူငွေကို ကောက်ခံကြပါတယ်။ (၁)လ စလုံး(၅)ဒေါ်လာ(၄) လတစ်ကြိမ်ကို စလုံး (၂၀)ဘဲ ကျပါတယ်။ (၁)နှစ်လုံးမှ စလုံး (၆၀)ပါဘဲ။ မိမိ စိတ်အားထက်သန်သလို (၅)ဒေါ်လာထက် ပိုလှူဒါန်းချင်လည်း ရပါတယ်ရှင်။ 


စာဖတ်သူများလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

2 comments:

မိုးညချမ်း said...

အတော်ပဲ မမရေ ... မှတ်ထားရမယ် ... STA ရဲ့လစဉ်အလှူအနေနဲ့ သွားလှူဖြစ်အောင် ကိုကြီးကို ပြောကြည့်အုံးမယ် ..

ချစ်စံအိမ် said...

မမရေ ရောက်ခဲ့ဖတ်ခဲ့ပါတယ်..