Saturday 9 March 2013

♥♥ ညီမလေးဖတ်ဖို့ (၃) ♥♥


ကိုယ့်ကိုယ် မချစ်လို့ ပစ်ထားတဲ့ 
မလွမ်းလောက်တဲ့ သူတစ်ယောက်ကို
ဘာလို့ တမ်းတနေတာလဲညီမလေး။

အချစ်ဆိုတာ လိုက်ရင်ပြေးတယ်
ချော့ရင် ကောက်တယ်
သူ့ကြောင့်ရယ်ကွယ် စစ်ပွဲရယ်ဆင်နွဲ
ဒါ .... အချစ်စစ်မှ မဟုတ်ဘဲ။

ကိုယ်ချစ်တာတွေ သွန်ချ
သူချစ်တာ ပြန်ရချင်ပေမဲ့
ဖောက်ပြန်တတ်တဲ့ လူတွေရဲ့စိတ်
ညီမလေး  မုချ  မယုံနဲ့ကွယ်။

မိတ်ဆွေဆိုတာ ရန်သူမဟုတ်ပေမဲ့
ခင်မင်မှု့ကိုကျော်လွန်
ခြားထားတဲ့ စည်းကို ကျော်တက်
ကိုယ့် နှလုံးသားကို  စတေး 
ကိုယ့် မျက်ရည်တွေခင်ပေးရတဲ့သူဆို
ဝေးဝေးရှောင်ပါ ညီမလေး။

ညီမလေးရေ နုနယ်ငယ်ရွယ်ချိန်မှာ
အချစ်.......ဆိုတာ သိပ်အင်အားကြီးတဲ့  ရန်သူဘဲကွဲ့။
အချစ်ဆိုတဲ့  ရန်သူတိုက်ခိုက်လာရင် 
" မာန"  ဆိုတဲ့တောင်လည်း
ပြိုကျခဲ့ဖူးတယ်။

အချစ်ကြောင့်  ပျော်ခဲ့ရသလို 
အချစ်ကြောင့်  ငို ...ခဲ့ရတာလည်း များမယ်။
အချစ်ကြောင့်  မိဘမောင်နှမနဲ့ အခြေအတင်စကားများတာရှိသလို
အချစ်ကြောင့်ဘဲ  သူငယ်ချင်းတွေ  မုန်းကြတာလည်းရှိမယ်။

စွန့်ပစ်ခံရချိန်မှာ 
ဘဝက အထီးကျန်လွန်းပေမဲ့ 
ငိုနေတဲ့မျက်လုံး  ကြေကွဲနေတဲ့စိတ်တွေကို
ပြန်လည်ကုစားဖို့ အားယူခေါင်းမော့လိုက်ပါ  ညီမလေးရေ။

 ညီမလေးရေ
အချစ်....ထက် တန်းဖိုးထားစရာကောင်းတဲ့
မိတ်ဆွေကောင်းတစ်ယောက် ညီမလေးဘေးမှာ 
ရှိနေမယ်ဆိုတာ မမေ့ပါနဲ့။


မှတ်ချက် - ညီမလေးတစ်ယောက်အတွက်  စိတ်ထဲရှိတာလေးရေးပြီး အားပေးထားခြင်းဖြစ်သည်။
                  ဓါတ်ပုံကို  ဂိုဂယ်မှ  ကူးယူထားသည်။


စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
9-3-2013

7 comments:

စံပယ်ချို said...

အချစ်....ထက် တန်းဖိုးထားစရာကောင်းတဲ့
မိတ်ဆွေကောင်းတစ်ယောက် ညီမလေးဘေးမှာ
ရှိနေမယ်ဆိုတာ မမေ့ပါနဲ......
အဲတာလေးအကြိုက်ဆုံးပါပဲ အလွမ်းရေ

မင်းအရိပ် said...

ညီမလေးအတွက်ဆိုတော့ ညီလေး မဖတ်တော့ဘူးနော် မကြီးလွမ်း
အဲလေ မောင်လေး မဖတ်တော့ဘူး :P

မိုးညချမ်း said...

မမရယ် ... ဘယ်ညီမလေးအတွက်လည်းတော့ မသိပေမယ့် ဒီညီမလေးကတော့ မမကဗျာလေးဖတ်ပြီး မျက်ရည်ဝဲသွားတယ် ... အားငယ်သွားတာလား ... အားရှိသွားတာလား ... ဘယ်လိုဖြစ်သွားမှန်းတောင် မသိဘူး ...

လရိပ်အိမ် said...

လိုက်ရင်ပြေးတဲ့ "အချစ်"ကို ကြိုးတုတ်ထားရမယ်။
ဟုတ်တယ် ၊ အဲဒီအချစ်ကြောင့် သူငယ်ချင်းတစ်ယောက်ကို ထာဝရစွန့်လွှတ်ခဲ့တယ်။
ခုလဲ နောက်တယောက်ကို ထပ်စွန့်လွှတ်ဖို့ ကြံစည်နေတယ်။ ဒွိဟဖြစ်နေတယ်။

အချစ်....ထက် တန်ဖိုးထားစရာကောင်းတဲ့
မိတ်ဆွေကောင်းတစ်ယောက် ညီမလေးဘေးမှာ
ရှိနေမယ်ဆိုတာ မမေ့ပါနဲ့။

ဒီစာသားလေးကတော့ အဲဒီညီမလေးကို တော်တော်အားရှိစေမဲ့ စာသားလေးပါဘဲ။ :)

အိမ်ကို အထားအသိုလဲလိုက်တယ်နော်။ စီဘောက်လဲရှိဘူး။

အလွမ်းမြို့ said...

မဂျက်ရေ.... ဘဝမှာ မိတ်ဆွေကောင်းရှိဖို့ တကယ်လိုအပ်သလို ကိုယ့်ရဲ့ မိတ်ဆွေကောင်းကိုလည်း
ကိုယ်က တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။

ငါ့မောင် မင်းအရိပ်ရေ.... ဘယ်သူတိတာမှတ်ယို့...ကိုယ့်ကိုယ် ညီမလေးလို သဘောထားပြီး ဖတ်ပါ.
မကြီးလွမ်း ဘယ်သူကိုမှ လိုက်မဖွပါဘူး။ လူစုံမှ ရှင်းပြမှာပါ။

ညလေးမိုးညရေ...ညီမလေးတစ်ယောက်အတွက်ဆိုပေမဲ့ ညီမလေးအားလုံးအတွက်ပါဘဲ။တိုက်ဆိုင်မှု့
လေးရှိနေသူတွေကတော့ ပိုပြီးခံစားတတ်မယ်လို့ မကြီးလွမ်းထင်ပါတယ်။

လရိပ်လေး.... တစ်နေ့ထက်တစ်နေ့ ရက်တွေကုန်ပြီး သက္ကရဇ်တွေဖြိုလာတာ ခလေးဆန်ဖို့ မဟုတ်
ဘူးနော်။ ညီမလေး အချစ်အတွက်နဲ့ စွန့်လွတ်ရတယ် မုန်းနေတယ်လို့ ညီမလေး စိတ်ထဲရှိနေ ခံစား
နေရသမျှ ညီမလေး လူကြီးဖြစ်ဖို့ ကြိုးစားရဦးမယ်။အချစ်ကြောင့် ညီမလေး သူငယ်ချင်းကို ထာဝရ စွန့်လွတ်ရတယ်ဆိုတာ ညီမလေး အတ္တကြီးနေသေးလို့ပါ။ သူငယ်ချင်းဆိုတာ (ချစ်စရာ) ကောင်းတဲ့
ကိုယ့်ရဲ့ နံနက်ခင်းတွေပါဘဲ ညီမလေးရေ။

ကဲ...ကဲ...နောက်ဆုံးတော့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အာဇာနည်လိုလို အာဇာဖြူလိုလိုနဲ့

မိုးနတ်ကြယ်စင် said...

သိဘူးးးးးးး မ ရယ်
ညလေးကတော့ ညလေးအတွက်ရေးထားတာလို့ပဲ
ခံစားပြီးဖတ်သွားပြီ ချစ်မရေးထားတာလေး သိပ်ကောင်းတယ်
ဖတ်ပြီးရင်ထဲ အရမ်းခံစားရတယ်...ချစ်မရဲ့ စေတနာတွေကိုလဲ
တပွေ့တပိုက်ကြီးရလိုက်တယ် ...:)))
ကျေးဇူးကုဋေကဋာပါ ချစ်မ အာဘွားးးးးးးးးးးးးး
ချစ်တဲ့ မိုးနတ်

ရာဇာထွေး said...

သြော်...အချစ်..အချစ်...
မီးစာတစ်ဖက်..ရေမှုတ်တစ်ဖက်လို ပါလားနော်...

“အချစ်ကြောင့် ပျော်ခဲ့ရသလို
အချစ်ကြောင့် ငို ...ခဲ့ရတာလည်း များမယ်” ဆိုတာလေးကသံဝေဂရစရာလေး
ပါမကြီးရေ...အင်း တို့များလည်းပူမှန်းသိလျှက်ကယ်နဲ့ မီးကိုတိုးနေတဲ့ ပိုးဖလံ
တွေနဲ့ မခြားပါဘူးလေ...ကဗျာလေးကိုသူများနောက်နေပြီးလာရောက်ခံစား
သွားပါတယ် မကြီးရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး