ဘာလိုလို့ ကျမတို့မျက်စိရှေတင်ကြီးလာတဲ့ ခလေးလေး ဒီနေ့ဆို (၆)နှစ်ပြည့်ပြီ။ ကျမတို့ ဇနီးမောင်နှံ ဒီသမီးလေးကို စတင်မြင်တုန်းက သမီးလေးက အတော်ကို ရုပ်ဆိုးပါတယ်။ အဲဒီတုန်းက သူတို့မောင်နှမ တွေထဲသူက အရုပ်ဆိုးဆုံးလေးပေါ့။ ဘာလိုလိုနဲ့ ၁ ရက်ကနေ ၁လ .... ၁ လကနေ ၁ နှစ်သို့ပြောင်းလာတော့ ဒီသမီးလေးက ကျမတို့ဇနီးမောင်နှံ စမြင်တုန်းကလို ရုပ်ဆိုးဆိုးလေး မဟုတ်တော့ပါ။ ခု (၆)နှစ်သမီးအရွယ်လေးရောက်တော့ အသက်နဲ့အသိက မလိုက်။ လိမ္မာရေးခြားလည်းရှိ လူကြီးမိဘ အရိပ်အကဲလည်း နားလည် အကင်းပါးတဲ့ ခလေးလေးဖြစ်လာတယ်။ ဒီသမီးလေးက လူကြီးလေးလိုဘဲ မိဘတွေအပေါ်သိတတ်တယ်။ ရုပ်လေးလည်း ချောလာတယ်။ ခုခေတ် ကလေးတွေက ထက်မြက်လွန်းကြတယ်။ ခလေးတွေကဘဲ ထက်မြက်လွန်းတာလား ကျမတို့ကဘဲ တုံးအ လွန်းတာလား မသိတော့ပါ။
ဒီစနေနေ့က ဒီသမီးလေးမွေးနေလေးပါ။ ဒီသမီးလေးနဲ့ ကျမတို့ဟာ ဘာမှသွေးသားမတော်စပ်ပါ။ သို့သော် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို တိုင်းတစ်ပါးရောက် ကိုယ့်မြန်မာပြည်ဖွားတွေမို့ မိသားစုဝင်တွေလို ခင်လာကြတယ်။ ပြီးတော့ ဒီသမီးလေးကလည်း (၃) နှစ်ကျော် (၄) နှစ်လောက်ကတည်းက သူ့မိဘတွေ အလုပ်သွားလို့ ပိတ်ရက်တွေဆို ကျမတို့ဇနီးမောင်နှံဆီ လာထားခဲ့တယ်။ တကယ် လိမ်မာတယ်။ မငိုဘူး။ ဂျီမကျဘူး။ မိဘက မိဘတွေအလုပ်သွားရမယ် အကျိုးအကြောင်းပြောပြထားတော့ ခလေးက တစ်ချက်လေးမှ ဂျီမကျဘူး။ ပြီးတော့ ညဘက်လည်း ကျမတို့ဇနီးမောင်နှံနဲ့ဘဲ အိပ်ဖြစ်တယ်။ ဒီသမီးလေးက ကျမ အမျိုးသားကို ပိုတွယ်တာသလို ပိုချစ်တယ်။ အစာစားရင်လည်း ကျမအမျိုးသားကျွေးမှ အိပ်ရင်လည်း ကျမ အမျိုးသားနဲ့အိပ်တယ်။ ကျမထက် ကျမ အမျိုးသားကို သူပိုခင်တွယ်တယ်။
ဒါကလည်း တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလိုနေမှာပေါ့။ ကျမအမျိုးသားက ခလေးမပြောနဲ့ ကျမလို လူကြီးကိုတောင် အတော်သီးခံရှာတယ်။ အလိုလည်းလိုက်တယ် သီးခံတတ်တော့ ကျမ မပြောနဲ့ ခလေးကလည်း သူမှသူပါဘဲ။
ဒီနေ့ ဒီသမီးလေးရဲ့ (၆) နှစ်ပြည့် မွေးနေ့လေးပါ။ သူတို့ကျောင်းက အတန်းဖော်လေးတွေနဲ့ ကိတ်မုန့်လေး ခွဲနေတဲ့ပုံလေးပါ။ မိဘများက အလုပ်မှာခွင့်ယူလို့မရတာကြောင့် ကျမတို့ဇနီးမောင်နှံ ၂ဦး နဲ့ သူငယ်ချင်းစုံတွဲတို့ ဒီသမီးလေးကျောင်းကို ရောက်သွားပြန်ပြီ။ မနှစ်က အသက်(၅)နှစ်ပြည့်တုန်းကလည်း ဒီကျောင်းမှာ ကျမတို့ ဇနီးမောင်နှံဘဲ သမီးလေးအဖော်အဖြစ် ရောက်နေခဲ့တာပါ။ သမီးလေး ဘေးနားက အကျီအဖြူလေးက အခြားအခန်းက အသက်(၄)နှစ်ပြည့်တဲ့ ခလေးလေးပါ။ မွေးနေ့ရက်တူ ကြပါတယ်။ ကျောင်းတူပေမဲ့ အတန်ကွာပါတယ် ဒီခလေးမလေး ၂ယောက်။
သူတို့အတန်းဖော်လေးတွေနဲ့ ပုံလေးတွေပါ။ ခလေး ဘဝက အပျော်ဆုံးပါ။ ကိုထီးရဲ့ အပူပင်းတဲ့ ခလေးတို့ ဘဝကို တစ်ခါပြန်ရောက်ချင်သေးတယ်ဆိုသ လိုပေါ့။ ဒါပေမဲ့ မဖြစ်နိုင်တော့ပါ။
သမီးလေးမွေးနေ့ ကျောင်းမှာ သူငယ်ချင်းများနဲ့ ဆရာမ မွေးနေ့သီချင်းဆိုပေးတဲ့ အသံဖိုင်လေးပါ တင်ပေးလိုက်ပါတယ်။ (ဒိန်းမတ်) ဘာသာစကားနဲ့ သီဆိုနေတာပါ။ ကျမတော့ တစ်လုံးမှ မတတ်ဘူး။အဟီး
အပေါ်ကဖိုင်လေးက ကျောင်းကအသံဖိုင်လေးပါ။အောက်ကဖိုင်လေးက အိမ်ကသူ့မိဘများနဲ့ပါ။ ကျမတို့ဆီမှာ ကိတ်မုန့်ကြိုက်တဲ့ လူမရှိတာမို့ ခလေးအကြိုက် ခလေးကိတ်လေးဘဲ သူ့မိဘတွေဝယ်ပေးခဲ့ပါတယ်။ဒီနှစ်တော့ ကိတ်မုန့်လေးက မလှတော့ဘူး။ ဒီနှစ်မှာ ခလေးအကြိုက် ကိတ် လေးဘဲဝယ်ပြီး ခလေးကျေနပ်အောင် မီးထွန်းခွဲပေးခဲ့ကြပါတယ်။
ဒီအောက်ဆုံးပုံလေးကတော့ သမီးလေးကျောင်းကအပြန် ကားပေါ်မှာ ရာသီဥတု သာယာတာလေးမြင်တော့ လက်ကလိ ရိုက်ထားတာ။ ရသီဥတုခုလို ကြည်လင်နေရင် စိတ်လည်း အလိုလို ပျော်တယ်။ ကောင်းကင်က ပြာနေ နေမင်းကလည်းသာနေ မြေပြင်မှာက နှင်းတွေ နဲမို့...
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြိုကလေး
24-03-2013
7 comments:
မကြီးလွမ်းရေ ...
မကြီးလွမ်း သမီးလေးရဲ့ မွေးနေ့က
၂၃ ရက် မတ်လလား
တင်တဲ့နေ့က ၂၄ ရက် ဖြစ်ပြီးတော့
စာထဲမှာ စနေနေ့လို့ ရေးထားလို့
သိပ်မကွဲပြားဘူး
မတ်လ ၂၃ ရက်နေ့ဆိုရင်တော့
မောင်နွေလနဲ့ မွေးနေ့အတူတူပဲ ဆိုတာ ပြောမလို့
မောင်နွေလလည်း မတ် ၂၃ ရက်နေ့ မွေးတဲ့သူဗျ
ညီမလေးရေ ...
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်
မမရဲ့သမီးလေး မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးသွားပါတယ်နော် ... :)
ဗီဒီယိုထဲမှာ မကြီးလွမ်းလဲ မပါဘူး။
မွေးနေ့ရက်က ၂၄ ပါ။ မကြီးလွမ်းတို့ဆီက အဆင်ပြေတဲ့ ရက်လေး လုပ်ရတာမို့ပါကွယ် ငါ့မောင်ရေ။
မကြီးလွမ်းက ကလကာနောက်ခံက လူကြမ်းမို့ ဗီဒီယိုထဲ ပါမလားပါဘူး။ ကိုယ်တိုင် ဗီဒီယိုရိုက်ပေးနေလို့ပါကွယ် လရိပ်ရေ.
ညီမလေးရေ ကျေးဇူးတင်ပါတယ်။
Happy Birthday ပါသမီးလေးရေ
Post a Comment