စာရေးဖို့လည်း ပျင်းနေသေးတယ်။ လောလောဆယ် ပိုစ့်သစ်မတင်အားတာမို့ လာလည်တဲ့ မောင်နှမများ စိတ်ပျက်သွားမှာစိုးလို့ တင်စရာတွေအများကြီးထဲကမှ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။
ဒီတစ်ခေါက်တော့ အကျီံလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီလိုတစ်ခါမှ အဝတ်အစားများကို မဝယ်ဖူးပါ။ခုတော့ (၁)လ ထဲကို ဝယ်ပစ်လိုက်တယ်။အေးရော။ စားစရာလည်းကုန်ပြီ။ ဘယ်သူ အိမ်ခေါ်ကျွေးထားမလဲပြော။ ဖုန်းလေးဆက်လိုက် မပျက်မကွက် ဆက်ဆက် လာခဲ့မယ်။P.....
(၁)လထဲ အရူးထပြီး ဆင်ကိုယ်လုံးနဲ့ မော်ဒယ်အကျီများ ဝယ်ခဲ့သသည်။ ကျမကိုယ်လုံးနဲ့ ဒီအကျီလေးတွေ ယှဉ်ကြည့်ပြီး ခဏတာ ပြုံးလိုက်ကြပါ။အဟဲ....P...
မြန်မာတွေက ရွှေကြိုက်တယ်။ ဥရောပသူတွေက ဖန်စီကြိုက်တယ်။အဲတော့ ရွေမဝယ်နိုင်တော့ ဖန်စီဝယ်လိုက်တယ်။အဟိ....မသိရင် ကိုယ့်ကိုယ် ဥရောပသူလိုလို ဘာလိုလိုနဲ့...တကယ်တော့ ရွှေ မဝယ်နိုင်လို့ပါ။
အောက်ကဖော်ပြပါ အကျီလေးနဲ့ ကျမကိုယ်လုံးဆိုက်လေးပါ ဓါတ်ပုံနဲ့ စာဖတ်ပရိသတ်များ တွဲမြင်ယောင်ကြည့်ပြီး တစ်ချက်လေး ပြုံးသွားလိုက်ပါ...
အထည်လေးတွေကြည့်ပြီး အပျော်လေးတွေရနိုင်ကြပါစေ။
P.......သုံးတာလား ဖြုန်းတာလား သေချာတော့ မသိပါ။ သို့သော် သေချာတာတစ်ခုက ဝယ်လိုက်တာပါ....
လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့လေး
9-04-2013
4 comments:
ဒါက သုံးတာလည်းမဟုတ်သလို ဖြုန်းတယ်လည်း မမည်တဲ့ စုဆောင်းတာပါ ။ :)
သုံးတာပါ ။
ဒါသုံးတာပါ မကြီးရဲ့ ... စကားမစပ် အင်္ကျီ လေးတွေက လှလိုက်တာ ... လိုချင်တယ် ... ညလေးကိုလည်း ၀ယ်ပေးပါနော် မကြီးလွမ်း ... :)
ဒီဇိုင်းလေးတွေကမိုက်တယ် မကြီးရေ...
Post a Comment