Sunday 16 June 2013

အဖေ့ရဲ့လက်ဆောင် HAPPY FATHER'S DAY



ပြေးလွားကာဒီစားကျက် သွက်သွက်ကလေးပြေး  ဘေးနားမှာသားငယ်သမင် ပတ်ဝန်းကျင် ကျားရဲဘေး ကာကွယ်ပေးတာ မိဘမေတ္တာပေါ့။ရက်စက်ကြမ်းကြုတ်သားရဲယုတ်အန္တာယ်ကို အမျိုးမျိုးကာကွယ် ကလေးငယ်ရန်ကင်းစေကြောင်း  စုပေါင်းအင်အား ကာကွယ်ငြားလည်း သားငယ်အတွက်အသက်ပေးဆပ်ခဲ့ပေါ့ အဲ ဒါမိဘမေတ္တာပါဘဲ။  (မှတ်ချက်)....... သမီးကိုချစ်တဲ့ အဖေမှ ခံစား ရေးဖွဲ့သည်။    ဒီနေ့  16-6-2013 အဖေများနေ့  မနက်ကတည်းက အဖေ့အတွက် ဂုဏ်ပြုပိုစ့်လေးတင်မယ် လုပ်ပြီး  မအားတာတွေနဲ့  အလုပ်များနေတာမို့  ခုမှဘဲ  အဖေ့အတွက် ဒီစာလေးနဲ့ ဂုဏ်ပြု လိုက်ပါတယ်။ ဒီကဗျာလေးက  တစ်ခါမှ ကဗျာမရေးဖူးတဲ့ ကျမရဲ့ အဖေက ကျမအတွက်ဆိုပြီး ရေးစပ်ပေးထားတဲ့ ကဗျားလေးမို့ ဒီနေ့ အဖေများနေ့မှာဒီစာလေးနဲ့ အဖေ့အတွက် ပြန်လည်ဂုဏ်ပြုပေးလိုက်ပါတယ်။ကမ္ဘာပေါ်ရှိအဖေများအားလုံး ကျန်းမာကြပါစေ....ပါပါး အရမ်းချစ်တယ်။ ပါပါးအရမ်းလွမ်းတယ်။


မေတ္တာဖြင့်အလွမ်းမြို့လေး16-6-2013

5 comments:

Anonymous said...

အေးချမ်းလှတဲ့ မေတ္တာတရားနော


~ Kk ~

ရာဇာထွေး said...

ကဗျာလေးဖတ်ရင်း မိဘမေတ္တာဆိုတာကို ခံစားမိပါတယ်...
ဒီနေရာမှာ မကြီးကကျွန်တော့်ထက်သာပါတယ်... အဖေရဲ့အချစ်
တွေကိုရနေတုန်းနော်... ကျွန်တော် သားကိုအရမ်းချစ်တယ်...
ဝေးနေပေမယ့် နေ့တိုင်းသတိရနေတယ်... သားနဲ့သူ ဘယ်သူ့ ကိုပိုချစ်လည်းလို့(ဇနီးသည်) မေးလာတဲ့ အခါတိုင်း အဖြေကိုမရေ
မရာသာကျွန်တော်ပေးခဲ့တယ်... ရင်ထဲကအမှန်ဝန်ခံရရင် သားကို
ဖခင်တစ်ယောက်အနေနဲ့ ပိုပြီးချစ်တယ်... ဖခင်တစ်ယောက်အနေ
နဲ့သားအပေါ်အချစ်ပိုတာ မဆန်းပေမယ့်... အခုချိန်အထိ အဖေ့ရဲ့
မေတ္တာကို မရခဲ့တဲ့ကျွန်တော့် အဖို့တော့ အတော်ဆန်းတယ် အမ..

သူများတွေသားတွေသမီးတွေကို လွမ်းဆွတ်တမ်းတသတိရနေချိန်
မှာ အဖေ့စိတ်ကတခြားဆီကိုရောက်နေတယ်... ကျွန်တော်တို့အတွက်
(မောင်နှမသုံးယောက်)မေတ္တာတွေ အစားအဖေနေတာ ဆန့်ကျင်ဖက်
သာဖြစ်နေတယ်... အမေနဲ့ပတ်သက်ပြီး ကုသိုလ်တွေအများကြီး ရခဲ့
သလောက် အဖေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရနေတာတွေက ဆန့်ကျင်
ဖက်တွေပဲဖြစ်နေတယ်တတ်တယ် အမ... အဖေ့ကိုမမုန်းပေမယ့် အဖေ့
ဆီကဘာမှ ပြန်မရတဲ့အတွက်တော့ အမြဲတမ်းစိတ်မကောင်းဖြစ်နေမိ
တယ်... ဒါလည်းအတိတ်ဘ၀က ကုသိုလ်ကံပါလာလို့ဘဲဆိုပြီးကိုယ်
စိတ်ကိုဖြေပါတယ်...

“ယောက်ျားတိုင်းဟာ အဖေဖြစ်နိုင်ပေမယ့် ဖခင်ကောင်းတစ်ယောက်
ဖြစ်ဖို့အတွက်တော့ အရည်အချင်းကောင်းတွေ ရှိဖို့လိုအပ်တယ်”ဆိုတဲ့ အဆိုအမိန့်လေးကို ကျွန်တော်အရမ်းသဘောကျတယ်... အဖေ့ဆီက ကျွန်တော်မေတ္တာတွေငတ်မွတ်နေခဲ့ပေမယ့် သားတွက်တော့ ဖခင်
တစ်ယောက်အနေနဲ့ မေတ္တာတွေအလျှံအပါယ်ပေးနေပါတယ်...
ဘ၀ကို က ပေးဆပ်ဖို့သပ်သပ်လူဖြစ်လာခဲ့ရသလိုပါပဲအမရေ...


မကြီးအဖေ့ကို ချစ်သလို၊ မကြီးအဖေက မကြီးကိုချစ်တာတွေ့ရလို့
ဝမ်းသာပီတိဖြစ်ရပါတယ် မကြီးရေ...


ခင်မင်စွာဖြင့်
ရာဇာထွေး

Phyu Lwin said...

ဝေးနေတဲ့သူချင်းတူတူဆိုတော့ အဖေကိုလွမ်းတဲ့စိတ်က ထပ်တူပါပဲ မမရေ .. ;'(
www.snowmay1987.blogspot.com

P.S နာမည်ပြောင်းထားလို့ ဘယ်သူလဲ မသိမှာစိုးတာနဲ့ Blog add. ပါ ထည့်ရေးပေးလိုက်တာပါ :D

မိုးနတ်ကြယ်စင် said...

အင်း သူများတွေကတော့ အဖေများနေ့မှာ အမှတ်တရပို့စ်တွေ
ရေးလို့တင်လို့ ...မိမိုးနတ် တစ်ယောက်မှာသာ ဖဘအကောင့်
ဖွင့်မရလို့ တိုင်ပတ်နေတာနဲ့ ဘာစာမှတောင် မရေးလိုက်ရဘူး :(((

မကြီးနဲ့ မကြီးအဖေရဲ့ ချစ်ခြင်းမေတ္တာတရားလေးကို ဘေးကခံစားရသူတောင်
အရမ်းကို ကြည်နူးဝမ်းသာမိတယ်...မိမိုးနတ်လဲ ဖေကြီးနဲ့ အခုထက်ပိုပြီး
အဆင်ပြေချင်ပါတယ် မ ရယ် :)))

ကြည်ဖြူခင်ခင် said...

မကြီးလွမ်းအတွက် ချစ်ရမယ့် ဖေဖေရှိတာ.. ဂုဏ်ယူပါတယ်..