Sunday 21 July 2013

(Ice Cream)ဆိုတဲ့ရေခဲ့မုန့်

မှတ်မှတ်ရရ (Ice Cream)ဆိုတဲ့ရေခဲ့မုန့်
မနေ့က 20-7-2013 ရက်နေ့  ရာသီဥတုက အရမ်းပူတော့ သူငယ်ချင်းတွေက ကမ်းခြေမှာ ရေသွားကူးမယ်။ အသားကင်စားကြမယ်တဲ့။ကျမလည်း အိမ်မှာနေရတာ ပျင်းတာနဲ့အိမ်က ချစ်ချစ်ကြီးခေါ်ရာ လိုက်ပါခဲ့ မိတယ်။ကမ်းခြေရောက်တော့ သူတို့တွေ နေပူခံကြတယ် အသားတွေကင်စား ရေတွေကူးကြပေမဲ့ ကျမ အလွမ်းမြို့ကတော့ အရိပ်ရတဲ့နေရာလေးရှာပြီး  ဖျာခင်းအိပ်နေလိုက်တယ်။

ညနေ ၆နာရီလောက်တော့ အိမ်ပြန်လာကြတယ်။ကမ်းခြေအထွက်လေးမှာ ရေခဲမုန့်သည်နဲ့တိုးတော့ ကျမ ဘဝမှာ တစ်ခါမှ မစားဖူးတဲ့ရေခဲ့မုန့်  ကျမ မကြိုက်ဆုံးရေခဲမုန့်ကို စိတ်ထဲကစားချင်လို့  Kr35 ပေးပြီး ဝယ်စားလိုက်တယ်။ရေခဲ့မုန့်စားရင်း လမ်းလျှောက်လာတာ ရထားဘူတာထိပေါ့။ရထားဘူတာတောင် မရောက်သေးဘူး ကျမ ခေါင်းတွေတအားထိုးကိုက်လာတယ်။ မကြာဘူး အန်ပါလေရော။ ရထားဘူတာနားမှာဘဲ ၂ ခါအန်တယ်။ဒီလိုနဲ့ ရထားစီးပြီး ကားပြောင်းစီးကြတယ်။ကားပေါ်ရောက်တော့ လည်း ဘယ်လိုမှနေလို့မရတော့လို့  ကျမ အိမ်နားမှတ်တိုင်မရောက်ခင်ဘဲ ဆင်းပြီးလမ်းလျှောက်ခဲ့တယ်။ ကားပေါ်က ဆင်းဆင်းချင်း ၁ ခါထိုးအန်ပြန်ရော။ 

အိမ်လည်းရောက်  ကျမ အဝတ်လဲပြီး အိပ်ယာပေါ်တန်းအိပ်ခဲ့တာ။ အဲဒီကစ အန်လိုက်တာ တစ်ညလုံး ၆ ခါထပ်အန်ပါလေရော။ခေါင်းတွေကလည်း တအားကိုက်တယ်။ခေါင်းကလည်းကိုက် အန်လည်းအန် ကျမ တော်တော်ခံလိုက်ရတယ်။အမျိုးသားကို ခေါင်းရေပတ်အုပ်ပေးခိုင်းတယ်။ ရှူဆေးလေးရှူထား လိုက်တယ်။သက်သာသလို ဖြစ်လာတယ်။ဒီလိုနဲ့ ကျမ တစ်ရေးအိပ်ပျော်သွားတယ်။အိပ်ယာနိုးတော့ ဆန်ပြုတ်နဲ့ညားပါလေရော။အော် ဗမာစကားပုံရှိတာလေး သွားသတိရမိတယ်။

အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်း
အပြောမတော် တစ်ခွန်း

ခုလည်းကျမ အစားမတော်လို့  Ice Cream တစ်ခုလေးနဲ့ ခံလိုက်ရတဲ့ ဝေဒနာ ပိုက်ဆံလည်းကုန်  ဝေဒနာလည်းခံစားရ မတန်လိုက်တာ။ မှတ်မှတ်ရရပါဘဲ နောင်ဆို ငွေလည်းကုန် ခံစားရတဲ့ ဝေဒနာကိုပေးတဲ့ ရေခဲ့မုန့်ကို ဘယ်တော့မှ ထပ်မတောင်းစားတော့ပါဘူး။

************************
ဒီအောက်ကပုံလေးက ကမ်းခြေက အသက် ၂၀ကျော် ကောင်မလေးတွေ နေပူခံနေတဲ့ ပုံပါ။ဒီပုံလေးမြင်ပြီး ကျမ တစ်ခုတွေးမိတယ်။မြန်မာပြည်ကလူတွေက အင်တာနက်ဆိုင်မှာ ကင်မရာတပ်ရတာနဲ့ ဈေးဆိုင်မှာ ကင်မရာတပ်ရတာနဲ့  စကပ်တိုဝတ်တဲ့ ကောင်မလေးတွေကိုဆို အောက်ကချောင်းကြည့်ရတာတစ်မျိုး လည်ဟိုက်ဝတ်တဲ့ အမျိုးသမီးဆို အပေါ်က ငုံ့ကြည့်ရတာတစ်ဖုံ မပေါ့်တစ်ပေါ်ပုံလေးတွေကို တကူးတက ကြိုးစားပြီး ခိုးရိုက်ကြတယ်။ဘယ်သူအတွက်မှလည်း အကျိုးမရှိသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘူး။ ကဲ...ခု ဒီကမ်းခြေမှာလို အသက် ၂၀ကျော်လေးတွေ ဆယ်ကျော်သက်လေးတွေ အပျိုရော အအိုတွေရော အကုန်နီးပါ  နှစ်စဉ်နွေရာသီတိုင်း ခုလိုဘဲကမ်းခြေမှာ နေပူခံကြတယ်။ဘယ်သူမှ တကူးတက လိုက်မကြည့်ကြဘူး။ဓါတ်ပုံခိုးရိုက်  ချောင်းရိုက်တဲ့သူမရှိဘူး။ ဓါတ်ပုံရိုက်ရင်လည်း ပေါ်တင်ရိုက် သူတို့ဘက်ကလည်း အေးဆေးပါဘဲ။အားလုံးနီးပါး ဒီလိုဘဲ နေလှန်းခံကြတာမို့  အထူးအခြား ဘာမှမရှိပါ။

ဒီလိုနေရာမှာ ကျမတို့မြန်မာထဲက ဝါသနာရှင် ဓါတ်ပုံခိုးရိုက်တဲ့သူတစ်ယောက်လောက်ထည့်ပေးလိုက်ရင် ဘယ်လိုများနေမလဲနော်။တွေးမိပြီး ပြုံးမိတယ်။ ကျမကတော့ ခိုးရိုက်တာမဟုတ်ပါ။ ပေါ်တင်ရိုက်ခဲ့တာပါ။ ကျမတို့မြန်မာတွေမှာတော့ ထဘီလေးနဲ့ လုံလုံခြုံခြုံလေး ဝတ်ထားရင်တောင် ဘယ်နားကပေါ်မလဲ ချောင်းရိုက်တဲ့ သူကရှိသေး။နောက်ဆုံးရိုက်စရာမရှိရင် ထဘီနဲ့ရုံးယူနီဖောင်းဝတ်တဲ့ မိန်းခလေးတွေနဲ့ နောက်ကျောကိုရိုက်ပြီး  ဘယ်အိုးကဘယ်လို ဘာညာရေးတတ်သေးတယ်။ သိပ်အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ဒါလေးကို တွေးမိပြီး ကျမ အတွေးလေးတွေ ဝင်ခဲ့မိတယ်။ဘာကြောင့် ဒို့မြန်မာလူမျိုးတွေ မတိုးတက်ရတာလဲဆိုတာ။

ကြည့်ချင်သူများလည်း ဓါတ်ပုံလေးကို ဗဟုသုတ သဘောမျိုးနဲ့သာ ကြည့်သွားကြပါ။



စာဖတ်သူများကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး
21-7-2013

3 comments:

စံပယ်ချို said...

အစားမတော် တစ်လုပ်ဆိုတာသေချာသွားပြီနော်
ခုမှရောက်ဖြစ်တယ်အလွမ်းရေ

Phyu Lwin said...

အစ်မနဲ့ ရေခဲမုန့်နဲ့ မတည့်ဘူးဆိုတော့ နောက်ဆို ဆင်ခြင်လို့ရသွားပေါ့နော်.. အစားမတော်တာလည်း ကြောက်ဖို့ကောင်းတယ်..။
www.snowmay1987.blogspot.com

လရိပ်အိမ် said...

လရိပ်ကရေခဲမုန့်ကြိုက်တယ် ၊ မကြီးလွမ်းက မကြိုက်ဘူးဆိုတော့ မကြီးလွမ်းနဲ့မတဲ့ဘူးထင်တယ်နော် ၊ ဂရုစိုက်ပါ မကြီးလွမ်း။
အရမ်းလွမ်းတာဘဲ မကြီးလွမ်းရယ်။ ဟီးးးး
အိမ်လေးက ရှင်းနေတာဘဲ ၊ မကြီးလွမ်းချစ်ချစ်ကြီး ရှင်းပေးထားတာဘဲဖြစ်ရမယ်။