Wednesday 15 June 2016

ပြုံးနေဦးမှာပါ


ဘဝခါးတွေကြုံရတုန်းကလည်း ကျမ ငိုကြွေးဖူးတယ်
နောက်- ဘဝလေးတွေ ချိုလာပြန်တော့ ကျမကျေနပ်မိတယ်။
ဒါပေမဲ့လေ အခါးအချိုတွေကြား
အချိုးကျစွာ နေတတ်ဖို့ သိပ်အရေးကြီးတာမို့
စိတ်ဓါတ်ကိုမြင့်တင် 
ကောင်းတာကိုတွေး ကောင်းတာကိုလုပ် ကောင်းရာကိုကြံ
အရာရာမှာ သီခံရင်း လောကဓံရဲ့လှည့်ကွက်
အငြိုးအတေးတွေကြား
အလွမ်း......ပြုံးနေဦးမှာပါ။


15-6-2016
အလွမ်းမြို့လေး

1 comment:

Crystal said...

အပြုံးတွေ မျှဝေနေတယ်ဆိုလို့ ရောက်လာပါတယ် ...။