Tuesday 21 June 2016

အချိုးကျစွာ

သံယောဇဉ်ဆိုတာ ဖြတ်တတ်မှ ပြတ်တာ
မေတ္တာဆိုတာကလည်း ထားတတ်မှ မြတ်တာ
-
ရသူကတော့ ရနေသမျှ လိုနေဦးမှာဘဲ
ပေးသူကသာ တန်ဖိုးရှိတဲ့အရာတွေသာ ပေးတတ်ဖို့လိုတာ။
-
ကလေးဆိုတာ ငိုပြတတ်မှ မုန့်စားရတာမှန်ပေမဲ့
ငိုပြပြီး မျက်ရည်မထွက်တဲ့ ကလေးမျိုး 
လောကမှာ တစ်ပုံကြီး။
-
ပေါ့ပေါ့နေ လွယ်လွယ်ရ အနှစ်သာရကိုသိသူက
ပေါ့ပေါ့နေ လွယ်လွယ်ရဖို့ စကားလုံးတိုင်းကိုအချိုနဲ့ ရောချ
လူတကာကို မျှားတတ်တယ်။
-
ဘဝဆိုတာ တိုတိုလေးပါ
ချစ်ခြင်း/မုန်းခြင်းတွေကြား စိတ်လိုက်ခံစားဖို့မလို
နေ့မြင်ညပျောက် ခေတ်ကြီးထဲမှာ
ချစ်ခြင်း/မုန်းခြင်းတွေထဲ 
အချိုးကျစွာ နေတတ်ကျေနပ်ဖို့ဘဲ အဓိကပါ။
 -
အလွမ်းမြို့လေး
22-6-2016

No comments: