Friday 3 September 2010

ပညာရွှေအိုး လူမခိုး /ရွှေအိုးမရှိက ပညာမရ

                ကျွန်တော်ဒီနေ့ တစ်ခုစဉ်းစားမိပြီး စာရေးမယ် ဆိုတဲ့စိတ်လေး ဖြစ်ပေါ်လာလို့ ကျွန်တော့် ဘလော့လေးဖွင့်ပြီး စာရေးဘို့ စတင်လိုက်တယ်။ ကျွန်တော်လေ အိမ်ကိုဖုန်းဆက်တိုင်း အမေ့ကို အမြဲတမ်းမေးမိတာ အိမ်က တူ/တူမလေးများ ရှိကြလား နေကောင်းကြလား အမေ ဘာတွေလုပ်နေလဲ စသည်ဖြစ်ပေါ့။ တစ်နေ့ အမေက သူကျူရှင်သွားတဲ့ တူ/တူမ ကိုသွားကြိုတယ်ဆိုလို့ ကျွန်တော့် နားကိုပင် မယုံနိုင်အောင် ဖြစ်သွားတယ်ဗျ။ ဘာလို့ကျွန်တော် ဒီလိုဖြစ်သွားလဲဆိုတော့ ကျွန်တော် သိထားတာက ကျွန်တော် တူနှင့်တူမကခုမှ သူငယ်တန်းနှင့် ဒုတိယတန်း သာရှိသေးတယ်လေ။ ကျွန်တော် အတော် အံ့သြသွားတယ်။ မယုံနိုင်အောင်ပင်ဖြစ်ပြီး အမေ့ကို သေချာအောင်ထပ်မေး  လိုက်တယ်လေ။ ခလေးတွေ ကျူရှင်တက် နေရတယ် ဟုတ်လားအမေ။ ကျွန်တော်အတော် အံ့သြသွားတယ်။ မြန်မာပြည်ကြီးနဲ့ ဝေးကွာခဲ့တာ နှစ်ဘယ်လောက်မှ မကြာသေးဘူး ပညာရေးစနစ် တော်တော်တိုးတက် လာလိုက်တာ။


သူငယ်တန်းတောင် ကျူရှင်တက်ရတယ် ဆိုတော့။အမကလည်း ဝင်ပြောလာတယ်။ သူငယ်တန်းတောင် ကျူရှင်က(ရှယ်) ဆိုတာ ရှိသေး တဲ့။ကျွန်တော့်လို ပညာမတတ်သူအဖို့ အတွက်ကတော့ အထူးအဆန်း ဖြစ်နေပေမဲ့  မြန်မာပြည်မှာ ရှိသူတွေကအတွက်ကတော့ ဒါက ဂုဏ်ယူစရာ တစ်ခုဖြစ်နေတာကို ကျွန်တော်မေ့နေတယ်ဗျာ။ အင်းလေ ကျွန်တော်ကဘဲ ခေတ်နောက်ကျတာလား ပညာရေးစနစ်ကဘဲ  ခေတ်ရှေပြေးတာလား  ကျွန်တော်မပြော တတ်တော့ဘူး။ သို့သော်  ငယ်ငယ်က ဖတ်ဖူးမှတ်ဖူး တာလေးတစ်ခု  သွားသတိရမိတယ်။ (ပညာရွှေအိုး လူမခိုးတဲ့)။ ခုတော့ ကျွန်တော့်အတွက် (ရွှေအိုးမရှိက ပညာမရ) ဖြစ်နေပါပြီရောလား။ 

      ဟိုနေ့ကလည်း သတင်းတစ်ပုဒ်ထဲ ဖတ်မိလိုက်တယ်။ ကျူရှင်မတက်နိုင်တဲ့ သူငယ်တန်းခလေးကို ဆရာမက အငြိုးနဲ့ ရိုက်တယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်တော်မသိပါ။ သို့သော် ဖတ်မိချိန်မှာတော့ အတော်စိတ် ထိခိုက်ရပါတယ်။ဒီလိုနဲ့ ကျွန်တော့် ခေါင်းထဲ အတွေးတစ်ချို့ဝင်လားပြီး ကျွန်တော် ရင်မောမိတယ်။ တကယ်လို့များ ကျွန်တော့်ရဲ့ နောင်လာမဲ့ အနာဂါတ် မျိုးဆက်လေး တွေရဲ့ ပညာရေးစနစ်ကို ကြိုတင်တွေးပူမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်မှာ (ရွှေအိုး)မရှိသေးဘူးဗျ။ ကျွန်တော် ကြိုးစားရဦး (ကျွန်တော့်ရဲ့ အနာဂါတ် မျိုးဆက်လေးတွေအတွက် (ပညာရဘို့ ) ရွှေအိုး ကို ရှာရတော့မယ်။ 


လေးစားလျှက်

အလွမ်းမြို့လေး

1 comment:

7pm said...

ခောင်းစဉ်လေးကိုသဘောကျတယ်ဗျာ.. "ရွှေအိုးရှိမှ ပညာရ"... nice post!