Wednesday 22 September 2010

ဒုတိယ ခြေလှမ်း စတင်ပြီ။

                 ကျွန်တော့်တို့ရဲ့ ပထမခြေလှမ်း (ကိုရင်ဝတ်) အလှူပွဲလေး ပြီးတဲ့နောက် ယခု ဒုတိယခြေလှမ်းဆိုတဲ့ ကျွန်တော် တို့ရဲ့လစဉ် အလှူလေးကို စတင်လှူလိုက်ပါပြီ။ လှူပြီးတဲ့နောက် ကျွန်တော် ဒီ(ပို့စ်)လေးကို ရေးဘို့ဖြစ်လာခဲ့ရတာပါဘဲ။ ကျွန်တော်တို့ရဲ့ အလှူကို နှစ်စဉ် (၁လ) (၁) သောင်းကျပ်ဖြင့် ပါဝင်လှူဒါန်းဘို့  ရည်ရွယ် ထားပါတယ်။ ကိုရင်တစ်ပါးလျှင် (၁သောင်းကျပ်)ဖြင့် တိတိကျကျ မသတ်မှတ်ထားပါဘူး။ သို့သော်လည်း မိမိတတ်နိုင်သလောက် ပါဝင်လှူဒါန်း လို့ရပါတယ်။ အလှူရှင် ၁ယောက်ဆီမှရမည့် ၁၀ကျပ်နှင့် ၁၀ယောက်ပြည့်လျှင် ၁၀၀ကျပ် ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်ရဲ့ ခံယူချက်တွေပေါ့။ အလေးအနက် မရှိဘူးလို့ ခဏတာ ဖတ်မိလိုက် ချိန်မှာ ထင်နေပေမဲ့ ခဏခဏ ဖတ်မိပြန်တော့ ပေါ့ပေါ့တန်တန် စာလေး တစ်ကြောင်းဟာ  သင့်ရင်ထဲ မှာအလေးအနက်လေး တစ်ခုတော့ ဖြစ်လာနိုင်မယ် ဆိုတာကျွန်တော် ယုံကြည် နေပါတယ်ဗျာ။ 



ခုတစ်လော ကျွန်တော်မအားမလပ် တာတွေရယ် မိသားစု ပြသနာလေး တွေကြောင့် ကျွန်တော့် ဒီအိမ်လေး ကိုလာလည်ကြတဲ့ ခင်မင်သူတွေကို (ပို့စ်) အသစ်နဲ့မနှုတ်ဆက် နိုင်ခဲ့တာ ကျွန်တော် အားလုံးကို တောင်းပန် ပါတယ်ဗျာ။ နောက်ပြီး ကျွန်တော့်ရင်ထဲမှာ ရေးချင်တဲ့စာတွေ အများကြီးရှိနေပေမဲ့ ကျွန်တော် စာပေဗဟုသုတ အားနည်းတာကြောင့် စာရေးဘို့ ကြောက်ရွံမိတာပါ။ သို့သော် ကျွန်တော်တတ်သလို ကျွန်တော့်ရင်ထဲက စကားတွေကို ဖော်ပြ ပေးသွားမှာပါ။ ကျွန်တော့် ဘလော့လေးမှာ ကြော်ငြာထားခဲ့ဖူးတဲ့ အတိုင်းအွန်လိုင်းမှ စေတနာအလှူရှင်များကို ကျွန်တော် လက်ခံရရှိလာပါတယ်။ အတိုင်းမသိအောင် ဝမ်းသာခဲ့ရပါတယ်။ကျွန်တော်တို့ အွန်လိုင်း မောင်နှမများ ကိုရင်ဝတ် အလှူပြုပြီးနောက် ကိုရင်လေးတွေ ဆက်လက် ပညာသင်ကြားနိုင်ရန် အတွက် လိုအပ်ပါသောကြောင့် ကျွန်တော့်ဘလော့လေးမှာ မည်သူမျှ မတိုက်တွန်ဘဲ အလှူခံ ခဲ့ပါတယ်။ကျွန်တော် ဒီနေ့ ဦးဇင်းဦးကောဝိဒ(စစ်ကိုင်း) ထံသို့ အလှူငွေ ၂သိန်း ၄သောင်း ၈ထောင် ကိုလွှဲပေးလိုက်ပါတယ်ခင်ဗျား။



              ကျွန်တော်နှင့်အတူ  စေတနာ အလှူရှင် (၂)ဦးကိုကျွန်တော် လက်ခံ ရရှိပါတယ်။  တစ်ဦးကတော့ စစ်ကိုင်းတောင် ဆွမ်းလောင်း အသင်းအတွက် (၁) လ ၅သောင်းကျပ်ဖြင့် အောက်တိုဘာမှ ဒီဇင်ဘာအထိ (၃) လစာ ၁သိန်းခွဲ (ကျပ်)  ကိုကျော်ဦး+မသီတာ မိသားစု (ဒိန်းမတ်)မှလှူဒါန်းပါတယ်။ 

            နောက်တစ်ဦးကတော့ ကျွန်တော်နှင့်အတူ ကိုရင်လေးများ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် (၁) လ ၁ သောင်းကျပ်ဖြင့် စက်တင်ဘာ မှ ဒီဇင်ဘာလ အထိ (၄) လစာ (၄) သောင်းကျပ်ကို ကိုမြတ်စိုးအေး (ဒိန်းမတ်) မှ လှူဒါန်းပါတယ်။ ကျွန်တော်  အလွမ်းမြို့လေး (အိမ်လွမ်းသူ)မှလည်း စက်တင်ဘာလမှ ဒီဇင်ဘာလအထိ (၅သောင်းကျပ်)ကို လှူဒါန်းပါတယ်။ အလှူတွင် မပါဝင်ရသေးသော စာဖတ်သူ ညီအစ်ကို မောင်နှမများ ကိုလည်း ဖိတ်ခေါ်ပါတယ်။ အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေပါတယ်။ တွဲလက်များဖြင့် လိုအပ်သော နေရာများမှာ ပါဝင်ကြပါစို့။



                လစဉ်အလှူတွင် ပါဝင်ချင်သော စာဖတ်သူ ညီအစ်ကို မောင်နှမများ လည်းအချိန် မနှောင်းသေးပါ။ ကျွန်တော်တိှု့နှင့် အတူပါဝင်လို့ ရပါတယ်။ ကျွန်တော်ကတော့ နည်းနည်းဘဲ လှူရလှူရ များများ ဘဲလှူရလှူရ  အလှူပြုနေရရင်  ကျေနပ်နေသူ တစ်ဦးမို့ ဒီနေ့ တစ်နေ့တာ ကျွန်တော်ပျော်တယ်။ ကျွန်တော်နှင့်အတူ အပျော်များ အားလုံးကို စာဖတ်သူများ ရရှိနိုင်ကြ ပါစေဗျာ။

          (ခရီးလွန်နေသော မောင်လေးနိုင်းနိုင်းလည်း အလှူတွင် အမြန်ဆုံး ပြန်လာပါဝင် နိုင်ပါစေဗျာ)။ နိုင်းနိုင်း လည်းလစဉ် အလှူတွင် ပါဝင်ရန် ပြောထားသော်လည်း ခရီးလွန်နေသောကြောင့် ယခုအလှူတွင် မပါဝင်နိုင်သေးပါ။ ဆက်လက်ကောက်ခံ ရရှိမည့် အလှူရှင်များနှင့် အလှူငွေများကိုလည်း ဆက်လက် ဖော်ပြပေးသွား ပါမည်။

 ဒီနေ့ဟာ မနက်ဖြန်မဟုတ်သလို မနက်ဖြန်ဆိုတာကလည်း ဒီနေ့ ဖြစ်မလာ နိုင်ဘူး။

 အားလုံးကို ချစ်ခင်
လေးစားလျှက် 
အလွမ်းမြို့လေး

1 comment:

ကိုဇော် said...

သာဓု . . သာဓု . .သာဓု . .