Friday 15 October 2010

ကိုရင်လေးများ လစဉ်ကျောင်းစရိတ် အလှူစာရင်း


                        ကိုဇော်(၃၅၇)ဦးစီးပြီး (၂၃.၀၈.၂၀၁၀)ရက်နေ့တွင် ကျွန်တော်တို့စုပေါင်းကာ ကိုရင်ဝတ်ပေးလိုက်သော မြရတနာရွာမှ ကိုရင်လေးများ ဆက်လက် ပညာသင်ကြားနိုင်ရန် အတွက်လစဉ် ကျောင်းစရိတ်များကို  ကျွန်တော့် ဘလော့လေးမှာ မည်သူတစ်ဦး တယောက်မှ တိုက်တွန်ပြီး ကြော်ငြာခိုင်းခြင်းမဟုတ်ဘဲ  တစ်ဦးတည်း အသိစိတ်နှင့်  အလှူခံခဲ့ရာ ယခုအလှူရှင်များကို လက်ခံရရှိလာလို့  လက်ခံရရှိထားသော  အလှူရှင်များ စာရင်းကိုဖော်ပြ ပေးလိုက်ပါတယ်။ 

                        ကျွန်တော်တို့  အစီစဉ်လေးကတော့ တစ်လကို မြန်မာကျပ် (၁)သောင်းဖြင့်  ကိုရင်လေးများကို  ပံ့ပိုးပေးသွားရန် ရည်ရွယ်ထားပါတယ်။ စေတနာသဒ္ဒါထက်သန်သူများ နည်းများမဆို ပါဝင်လှူဒါန်းလို့ ရပါတယ်ခင်ဗျာ။ လစဉ်အလှူတွင် မပါဝင်နိုင် သော်လည်း မိမိ စိတ်စေတနာ ဖြစ်ပေါ်ချိန်တွင်လည်း စေတနာ ထက်သန်သလို လှူဒါန်းလို့ ရပါတယ်ခင်ဗျာ။ ကောက်ခံရရှိသော အလှူငွေများ အားလုံးကို  (ဦးဇင်းဦးကောဝိဒ)ထံသို့   ပြန်လည်လွှဲပေး သွားပါတယ်။ 

                 ဦးဇင်းဦးကောဝိဒထံသို့လည်း တိုက်ရိုက်ဆက်သွယ် လှူဒါန်းလို့ ရပါတယ်ခင်ဗျာ။ ဦးဇင်း ဦးကောဝိဒ ဂျီမေလ်း kovida9@gmail.com နှင့် ဖုန်းနံပါတ်မှာ +9592110202 ဖြစ်ပါတယ်။ ကျွန်တော့်ထံ ဆက်သွယ်လှူဒါန်းချင်ရင် skyflower.mkp@gmail.com သို့အက်ပြီး လှူဒါန်းနိုင်ပါတယ်။

စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လစာအတွက် အလှူရှင် စာရင်းမှာ

ကိုမြတ်စိုးအေး      ၄ လစာအတွက်      ၄သောင်းကျပ်
နိုင်နိုင်း                ၄လစာအတွက်      ၄သောင်းကျပ်
အလွမ်းမြို့လေး     ၄လစာအတွက်      ၄သောင်းကျပ်

နန်းထွေး ထံမှလည်း အောက်တိုဘာလတွင် စကာင်္ပူဒေါ်လာ ( ၂၀ ) ကို လက်ခံရရှိထားပါတယ်။

စေတနာအလှူရှင်များကိုလည်း   ဆက်လက်ဖိတ်ခေါ်ပါတယ် ခင်ဗျာ။ 

မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: