Friday 22 October 2010

ချစ်

      ချစ်

မချစ်တာကို
သိပေမဲ့အတင်းချစ်ပါ 
ပြောခဲ့တယ်။မနှစ်မြိုတာသိပေမဲ့လည်း
အမိန့်တွေပေးချစ်ဘို့ပြောတယ်။
ရက်စက်သူရဲ့အပြုံး
အောက်မှာအမုန်း
တွေဖက်ပြီး 
မနေချင်ဘူး။

မာယာတွေနဲ့ 
ကျော့ကွင်းကိုပြင်
ထောင်ချောက်ဆင်ကာဖမ်းပေမဲ့
အစကတည်းကမင်းလိုချင်တဲ့အချစ်ကို
မပေးနိုင်ခဲ့သူမို့အခွင့်ရှိသမျှ
ငြင်းနေဦးမှာဘဲ။

မင်းရဲ့
ဥစ္စာဓန 
အာဏာကိုပြ
အနှစ်မပါတဲ့ အချစ်ကို
မရရအောင်တောင်းခဲ့တယ်။
ငါကိုယ်တိုင် ဆုံးဖြတ်ခွင့်မပေးဘဲ
မင်းရဲ့ဆန္ဒ မင်းသာဆုံးဖြတ်
မင်းအလိုကျ
ငါ့အမှားတွေ
အတွက်
အမှန်
ပြင်ပြီး 
မင်းငါ့ကိုချစ်ခဲ့တယ်။

လူတကာရှေ ပလ္လင်ထက်မှာ
ငါ့အချစ်ကိုပြ မင်းကြွေးကြော်ခဲ့ပေမဲ့
ငါကတော့ ခပ်မဲ့မဲ့လေး ပြုံးနေလိုက်မယ်။

***ဘာလို့လဲ ဆိုတော့***
ငါဟာ 
မင်းရဲ့ချစ်သူ
ဆိုပေမဲ့မင်းနဲ့ငါဟာ
အသွင်မတူတဲ့ဆန်ကျင်ဘက် 
ချစ်သူတွေပါ။ငါက ရင်ထဲကချစ်တတ်သူ
တယောက်မို့ငါလိုချင်တာမင်းရင်ထဲကလာတဲ့
(အချစ်စစ်)ဒါပေမဲ့ မင်းလိုချင်တဲ့ 
အချစ်ကငါ့ရင်ထဲက 
အချစ်စစ်မှ
မဟုတ်
ခဲ့တာ။
မင်းလိုချင်တဲ့ အချစ်ကို 
ခဏတာအတွင်းစာရွက်ပေါ်မှာ
ငါချစ်လိုက်ရပေမဲ့ တစ်ဘဝတာ အတွက်
ဘယ်လောက်များထပ်ခံစားရဦးမှာလဲကွယ်။

အားလုံးကိုလေးစားလျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

နေဇော်လင်း said...

တူညီတဲ့ အချစ်နဲ့တွေ့ရပါစေဗျာ......

ခင်မင်လျှက်

နေဇော်လင်း