Friday 4 March 2011

ဇန်နဝါရီမှ ဇွန်အထိ ကိုရင်လေးများစာသင်စရိတ်

               အားလုံးကိုတောင်းပန်ပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။ ကျွန်မရဲ့ အားနည်းချက်တွေ ကြောင့် ပိုစ်အသစ်မတင်ဖြစ်ခဲ့တာကို နားလည်ပေးကြပါလို့ အလေးအနက် တောင်းပန်ပါတယ်။ ဦးဇင်းဦးကောဝိဒ ဦးဆောင်ပြုပြီး ကျွန်မတို့အွန်လိုင်း မောင်နှမတွေ တာဝန်ယူခဲ့တဲ့ စစ်ကိုင်းချောင်မှ ကိုရင်လေးများ ဆက်လက်ပညာသင်ရေးအတွက် ၁ နှစ်မှာ ၂ ကြိမ် အလှူငွေ ကောက်ပါတယ်။ ၂၀၁၀ ကုန်ဆုံးသွားပြီမို ၂၀၁၁ အတွက် ဇန်နဝါရီလမှ ဇွန်လအထိ ကိုရင်တစ်ပါး ၁သောင်းနှုန်းဖြင့် ၆ လစာကို ဦးဇင်းဦးကောဝိဒထံ လွှဲပြီးကြောင်း အလှူရှင်များကို အသိပေးခြင်း ဖြစ်ပါတယ်။

              လက်ရှိကျွန်မတို့ အလှူမှာ ၄ယောက်ရှိပါတယ်။


  1. ကိုမြတ်စိုးအေး      ၆သောင်း
  2. နိုင်နိုင်း               ၆သောင်း
  3. နန်းထွေး             ၆သောင်း
  4. ကျွန်မ                ၆သောင်း

တို့ဖြစ်ပြီး ဇွန်လ ၂၀၁၁ အထိ ကိုရင်လေးပညာသင်စရိတ် (၂)သိန်း (၄)သောင်းကို ဦးဇင်းဦးကောဝိဒထံ လွှဲပေးပြီးပါပြီ။ နိုင်နိုင်းမှလည်း လမ်းခင်းရန်အတွက် အလှူငွေ ၄သောင်းကျပ်နှင့် ကျွန်မမှလည်း ဦးဇင်းအတွက် နဝကမ ၂သောင်းလှူခဲ့ပါတယ်။ အလှူရှင်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ အားလုံးရဲ့ကိုယ်စား ကျွန်မဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။


အားလုံးကိုလေးစားလျှက်
အလွမ်းမြို့လေးမှ (အိမ်လွမ်းသူ)

No comments: