ဟိုမှာလူတစ်စု ဒီမှာလူတစ်ဖွဲ့နဲ့
ဖွဲ့ကြီးဖွဲ့ငယ် ကိုယ်စီကိုယ်ငှ
အမေ့အတွက် မွေးနေ့ဆုတောင်း
ပြုလုပ်ကြတာ အမေသိရင်
ကျေနပ်မှာပါ!
ရောက်တဲ့မြို့ရွာ နိုင်ငံတွေမှာ
မီးတွေထွန်းငြိ မှတ်တိုင်ပြုပြီး
မွေးနေ့တေးသံ သံပြိုင်သီကျူး
အမေ့အတွက် ဂုဏ်ပြုကြတာ
အမေကြားရင် ဝမ်းသာမှာပါ!
အရောင်တွေမွှဲနေတဲ့သမီး
ကာလာတွေပျက်နေတဲ့ အမေ့ပုံနဲ့
ဟန်ဆောင်မှုမပါတဲ့ ရင်ထဲ
ပါတီတွေအများကြီးထဲက ခွဲထွက်
တစ်ယောက်ထဲဆုတောင်းရင်း
အမေ့ကို ဒီစာလေးနဲ့
ဖွဲ့ကြီးဖွဲ့ငယ် ကိုယ်စီကိုယ်ငှ
အမေ့အတွက် မွေးနေ့ဆုတောင်း
ပြုလုပ်ကြတာ အမေသိရင်
ကျေနပ်မှာပါ!
ရောက်တဲ့မြို့ရွာ နိုင်ငံတွေမှာ
မီးတွေထွန်းငြိ မှတ်တိုင်ပြုပြီး
မွေးနေ့တေးသံ သံပြိုင်သီကျူး
အမေ့အတွက် ဂုဏ်ပြုကြတာ
အမေကြားရင် ဝမ်းသာမှာပါ!
အရောင်တွေမွှဲနေတဲ့သမီး
ကာလာတွေပျက်နေတဲ့ အမေ့ပုံနဲ့
ဟန်ဆောင်မှုမပါတဲ့ ရင်ထဲ
ပါတီတွေအများကြီးထဲက ခွဲထွက်
တစ်ယောက်ထဲဆုတောင်းရင်း
အမေ့ကို ဒီစာလေးနဲ့
မွေးနေ့ ဂုဏ်ပြုလိုက်တယ် အမေ။
အမေပျော်ရွှင်ပါစေ။
ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး
ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး
လေးစားလျှက်
အလွမ်းမြို့
No comments:
Post a Comment