လောကဇာတ်ခုံ ဤလူ့ ဘုံဝယ်
မျိုးစုံကကြ မာန်မာနနှင့် ငါကရာဇာ ငါဟာသူဌေး ငါပဂေးဟု
ငါသွေးတတ်ကြွ
လူဗာလတို့ များလှဖြာဖြာအဝိဇ္ဇာနှင့်
တဏှာဘီလူး အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက်
မော်မော်မောက်မောက်
ငါတယောက်သာ မိုးအောက်တလွှား ရှေ့ကိုယ်လားဟု
ထင်မှားမလွဲ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြေဖုံးချသော် သုဘရာဇာ
မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ မြုတ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။

(မိုးကုတ်ဆရာတော်)
မေတ္တာဖြင့်
အလွမ်းမြို့
No comments:
Post a Comment