Friday 1 July 2011

ကိုရင်လေးများ ပညာသင်စရိတ်နှင့် ဆွမ်းလောင်းနှစ်ပတ်လည်အတွက် အလှူ



စာမရေးဖြစ် အလှူပို့တွေမတင်ဖြစ်တာကြာပြီ။ အင်လေကြာမှာပေါ့ ကျွန်မဘလော့မှာ အလှူခံပိုစ်တွေ မတင်တော့သလို ဘယ်သူ့အတွက်မှ အလှူမခံပေးတော့တာကိုး။ဒီနေ့တော့ အလှူရှင်တွေအတွက် ကျေးဇူးတင်ကြောင်း ပိုစ်လေးရေးတင်လိုက်တယ်။တကယ်တော့ ကျွန်မဒီပို့စ်ကိုတင်ချင်တာ မဟုတ်ဘူး။ဒါပေမဲ့ ကျွန်မနဲ့အတူ အလှူရှင်စေတနာသူငယ်ချင်းတွေလည်း ပါလာလို့ အလှူရှင်တွေသိရအောင် ကျွန်မဒီပိုစ်ကိုတင်ဖြစ်သွားတာပါ။

နေ့တစ်နေ့ရဲ့ ညနေခင်းတစ်ခုမှာ ကျွန်မဂျီမေလ်းလေးဖွင့်နေတုန်း  ကျွန်မတို့လေးစားကြည်ညိုရတဲ့ စစ်ကိုင်းချောင်မှ ဦးဇင်းဦးကောဝိဒတက်လာပြီး ကျွန်မနဲ့ မေလ်းချက်တင်လုပ်ဖြစ်ပါတယ်။ဦးဇင်းဦးကောကို ကျွန်မမမြင်ဖူးပေမဲ့ အဝေးကနေ လေးစားကြည်ညိုမိပါတယ်။ ဘယ်သူမှကိုယ်တိုင် ကိုယ်ကျမလုပ်နိုင်တာတွေ ဦးဇင်းကိုယ်တိုင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စေတနာရှေတန်းတင်ထားတယ်။ လိုအပ်သူတွေကို တတ်နိုင်တာတွေ ဖြည့်ဆည်းပေးတယ်။ ဦးဇင်းကိုယ်တိုင် မတတ်နိုင်မဖြည့်ဆည်းပေးနိုင် ခဲ့ရင်ဦးဇင်းရဲ့ ဒကာ/ဒကာမတွေကို ဦးဇင်းအလှူခံပေးခဲ့ပါတယ်။ တကယ်တော့ ကျွန်မတို့မြန်မာပြည်ကြီးမှာ လိုအပ်တဲ့နေရာ...လိုအပ်မှုမပြည့်ဝသူတွေ အများကြီးပါ။ အဲတာတွေကို ဦးဇင်းဦးကောဝိဒက တတ်နိုင်သမျှ ကိုယ်ကျိုးမငဲ့ဘဲ ရဟန်တစ်ပါးနဲ့အညီ ကူညီခဲ့တယ်။အဲဒီအတွက်ကြောင့် ကျွန်မ မလေးစားဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။



Sent at 4:34 PM on Wednesday
*************************************************************************
 ဦးဇင်းဦးကောလ်ရဲ့ အလှူဆန္ဒပြည့်ဝရအောင် ကျွန်မနဲ့အတူ အလှူဆိုလက်မနှေးတဲ့ စလုံးမှ ကျွန်မသူငယ်ချင်းကို မေလ်းပို့ထာားလိုက်ပါတယ်။မေလ်းပို့ပြီး သူ့ကို ဖုန်းမက်ဆေ့ထဲ မေလ်းပို့ထားကြောင်း အကြောင်းလှမ်းကြားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မသူငယ်ချင်းက  အင်တာနက်သုံးတာ အရမ်းနည်းတာကြောင့် ကျွန်မမေလ်းပို့တာ သူမသိလိုက်မှာစိုးလို့ သူ့ကိုအသိပေးလိုက်တာပါ။ကျွန်မ ယုံကြည်နေတယ် သူသာသိရင် သူတတ်နိုင်သလောက် လှူဒါန်းမယ်ဆိုတာ။တကယ်ပါ ကျွန်မယုံကြည်ချက်တွေ ပြည့်ဝခဲ့တယ်။ နောက်ရက် အနည်းငယ်မှာ သူနဲ့ကျွန်မဖုန်းပြောဖြစ်ပြီး အလှူကိစ္စအတွက် ကျွန်မကိုသူမေးလာပါတယ်။ကျွန်မလည်း သိတာကိုအကုန်ဖြေပေးပါတယ်။ သူလည်းလှူမယ်လို့ပြောလာလို့ ကျွန်မဝမ်းသာခဲ့ရပါတယ်။

နောက်နေ့မှာ သူငယ်ချင်းမှ ကျွန်မကို သူနဲ့သူ့အဆောင်ကသူငယ်ချင်းပေါင်းပြီး အလှူအတွက် (၂)သိန်းလှူပါမယ်တဲ့။ပြီး ကျွန်မတို့ မြရတနာရွာက ခလေးတွေကို ကိုရင်ဝတ်ပေးထားတယ်။အဲဒီအတွက် (၆)လတစ်ကြိမ် ကျွန်မတို့ ကိုရင်လေးတွေအတွက် စရိတ်ပို့ပေးပါတယ်။ (ဇန်နဝါရီလကနေ ဇွန်လအထိ) လှူခဲ့ပြီး ယ္ခု (ဇူလှိုင်လမှ ဒီဇင်ဘာလအထိ) ဆက်လက်လှူဒါန်း သွားမှာဖြစ်ပါတယ်။ ကိုရင်တစ်ပါးကို ၁လ ၁သောင်းနှူန်းနဲ့ပါ။ သူငယ်ချင်း (နန်းထွေး)က ကိုရင်လေးတွေ ပညာသင်စရိတ်အတွက် ဇူလှိုင်လမှ ဒီဇင်ဘာလအထိ (၁) သိန်းပါဝင်လှူဒါန်ပါတယ်။ ကျွန်မသူငယ်ချင်းကို ကျွန်မအရမ်းလေးစားသွားတယ်။ သူနဲ့ကျွန်မက အရင်းနှီးဆုံးတွေဘဲ။ သူ့အခက်ခဲကို ကျွန်မအသိဆုံးပေါ့။ ဒါပေမဲ့ အလှူအတွက်လို့လည်း ပြောလိုက်ရော သူမှာရှိတာအကုန်လှူလိုက်တာဘဲ။ကျွန်မသူငယ်ချင်းက လူမချမ်းသာပေမဲ့ စေတနာ သဒ္ဒါချမ်းသာသူ တစ်ယောက်ပါ။ အဲဒီအတွက် ကျွန်မသူငယ်ချင်းနဲ့  သူ့အဆောင်မှ သူငယ်ချင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သူတို့ပြုခဲ့တဲ့ အမှူ့အတွက်လည်း သာဓုလည်းခေါ်ပါတယ်။ 

နောက်ထပ် ကိုရင်လေးတွေအတွက် ပညာသင်စရိတ် အလှူရှင်တစ်ဦးကတော့ (ကိုလင်းလင်းထွန်း -DK) ပါ။ ကိုလင်းလင်းမှ လည်းကိုရင်လေးတွေ ပညာသင်စရိတ်အတွက် ခရိုနာ (၄၀၀) လှူဒါန်ပါတယ်။ - ခရိုနာ (၄၀၀)က မြန်မာငွေ ၅သောင်း ၇ထောင်ရပါတယ်။

ကျွန်မပိုစ်ရဲ့ အဓိကရည်ရွယ်ချက်က ဒီနေ့ကျွန်မ စစ်ကိုင်းချောင်မှ ဦးဇင်းဦးကောဝိဒထံသို့ (ငွေ ၅သိန်း ၃သောင်း ၇ထောင် )ကိုလွှဲပြီးစီးကြောင်း စလုံးမှအလှူရှင်များ နှင့် ကိုလင်းလင်းထွန်း(DK) ကို သိစေလိုပါတယ်။စလုံးမှ အလှူရှင်များထံမှ အလှူငွေ (၃) သိန်း- ကိုလင်းလင်းထွန်း (DK)မှလည်း (၅သောင်း၇ထောင်) နှင့် ကျွန်မလည်းတတ်နိုင်သလောက် (၁) သိန်း (၈)သောင်းကို လှူဒါန်းခဲ့ကြောင်း အလှူတွင်ပါဝင်သော စလုံးမှညီအစ်မများနှင့် ကိုလင်းလင်းအား အားလုံးရဲ့ကိုယ်စား ကျွန်မမှ ကျေးဇူးတင်စကားဆိုကြောင်း ဤပြုခဲ့သော ကုသိုလ်အကျိုးကျေးဇူးကြောင့် လိုရာဆန္ဒပြည့်ဝနိုင်ကြပြီး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တစ်ပိုးထမ်းရွက် သယ်ပိုးနိုင်ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်။


မေတ္တာဖြင့်
အလွမ်းမြို့

No comments: