Thursday 16 June 2011

ထိုသူအတွက်...အမှတ်တရ..

ဒေါသကိုအမြဲတမ်းရှေတန်းတင်ထားသူတစ်ယောက်မှာ
တရားဆိုတာကို မြင်နိုင်ပါ့မလား။

မုသာဝါဒ ပြောဆိုတတ်သူတစ်ယောက်မှာရော
သစ္စာတရားဆိုတာ ရှိပါ့ဦးမလား။

မနာလိုဝန်တို တတ်သူတစ်ယောက်မှာရော
ကျေနပ်ခြင်း ဆိုတာရှိပါ့ဦးမလား။

လောဘကြီးသူ တစ်ယောက်မှာရော
ရောင့်ရဲတင်းတိမ်မှုဆိုတာ ရှိပါ့ဦးမလား။


သူတစ်ပါးအပြစ်ကိုဘဲ လက်ငြိုးထိုး
မြင်တတ်သူတစ်ယောက်မှာရော
သူ့အပြစ်ကို သူပြန်မြင်တတ်ပါ့မလား။

ဒေါသရှေထား သူတစ်ဦးအား တရားပြလည်း
ဘယ်မှာတရား သူမြင်မည်နည်း။

မုသားဆိုသုံး သူတစ်ယောက်အား
အမှန်ထောက်ပြ လမ်းညွှန်ပြလည်း
သူကငြင်းဆန် လက်မခံက
အဘယ်အကျိုး ရှိလာမည်နည်း။

ဝန်တိုစိတ်များ ထားကာပွားများ
နေ့စဉ်အကျိုး တွေးကာကြံဆ
အပူသောက တိုးလာရကာ
ထိုသူအတွက် အဘယ်အကျိုး
ရှိလာမည်နည်း။

လောဘကြီးသူ ထိုသူတစ်ဦးအား
လောဘ ဒေါသ အေးချမ်းရအောင်
အဘယ်သို့သင် ပြုမူပြောဆို
တရားချလည်း သူကမနာ ပြေးကာရှောင်းပုန်း
အဘယ်အကျိုး ရှိလာမည်နည်း။

သူတစ်ပါးအား လက်ငြိုးညွှန်ကာ
ပြစ်ကိုထောက်ပြ ငြူစူကဲ့ရဲ့
ထိုသူသာလျှင် မှန်မကြည့်သော
မိစ္တာတစ်ကောင် အမှန်ပေတည်း။

ပုထုစဉ်လူသားတိုင်းက  (တဏှာ)ဆိုတဲ့
လောဘ ဒေါသ မောဟတွေနဲ့
မကင်းကြဘူးဆိုတာ မှန်ပေမဲ့
ဒီ အရာတွေကို တတ်နိုင်သမျှ
ကင်းအောင်ကြိုးစားရှောင်ကျဉ် ကြရမည်။
ပုထုစဉ် လူသားဆိုတဲ့ အထဲမှာ
ရဟန်းဆိုတာတွေရော ပါရော့ရဲ့လား။
သာမာန်လူသားတွေ နှင့်အတူ ရဟန်း သံဃာများပါ
မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး
နှလုံးစိတ်ဖြူ မွေးမြူနိုင်ကြပါစေ။
ရဟန်းသံဃာများ အားလုံးကို မရည်ညွှန်းပါ။



မေတ္တာဖြင့်
အလွမ်းမြို့

No comments: