Sunday 25 September 2011

ရင်ခုန်နေတဲ့ ကျမ

 ဒီနေ့ တနင်္ဂနွေ....နက်ဖြန် တနလာင်္.... အင်္ဂါ..နောက်ရက်အနည်းငယ်ဆို..... စနေကိုရောက်တော့မယ်။ ကျမ ရင်တွေခုန်နေတယ်။ ဘာကြောင့်လဲဆိုတာလည်း မသိ။ သမီးရည်းစားထားရမဲ့ အရွယ်တွေလည်းလွန်ခဲ့ပြီ။ ဘာကြောင့် ကျမရင်တွေ ခုန်နေမှန်းမသိ။ ကျောင်းသူဘဝမှာတော့ အောင်စာရင်းထွက်မဲ့ရက် ....နောက်ပြီး အတန်းထဲမှာ ဆုရလို့ ဆုတက်ယူချိန် စင်မြင့်ပေါ်မတက်ခင်မှာ ကျမ ရင်တွေခုန်ခဲ့ဖူးတယ်။ နောက်ပြီး  ကျောင်းမှာကဗျာရွတ် ပြိုင်ပွဲလေးမှာ အမူအယာလေးပြပြီး ရွတ်ပြရမယ်ဆိုတော့ ပရိတ်သတ်အရှေမှာ ကျမ ရင်ခုန်ခဲ့ဖူးပြန်တယ်။ အတန်းထဲမှာ စာသင်ရင်း ကျမဘေးခုံက ကောင်လေးကျမကို  မျက်စိစုံဝှေလှမ်းကြည့်ပြန်တော့ ကျမ ရင်ခုန်ခဲ့ဖူးတယ်။ ဒီလိုနဲ့  အရွယ်ရောက်ချိန်မှာတော့ ချစ်သူရည်းစား (စာ)  အပေးခံရချိန်မှာလည်း ကျမ ရင်ခုန်ခဲ့ဖူးတယ်။ နောက်ချစ်သူ ဘဝတွေရောက်လာပြန်တော့ သူနဲ့တွေ့ရမဲ့ (ချိန်း)ထားတဲ့ ရက်တွေဆိုလည်း ကျမ ရင်တွေခုန်နေမိတယ်။ နောက်ပြီး... မိဘတွေကိုထားခဲ့ပြီး တိုင်းတစ်ပါးကို ထွက်သွားချိန်မှာလည်း လေယာဉ်ကြီးစီးပြီး စိတ်ကူးယဉ်နဲ့  ကျမ ရင်ခုန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ (အဆိုတော်အရိုးရဲ့ လူလည်အာရှသား  သီချင်းလိုများ ဖြစ်နေမလားမသိ)။ ဒီလိုနဲ့ ချစ်သူဘဝကို ကျော်လွန်ပြီး မင်္ဂလာရက်မြတ်ရောက်တဲ့နေ့မှာလည်း  ကျမ အထူးရင်ခုန်ခဲ့ရပြန်တယ်။ ...ဘဝမှာ  ရင်ခုန်ခြင်း အမျိုးမျိုးနဲ့  ကျမ ဘဝကိုချို့တစ်ခါ  ...ခါးတလှည့်နဲ့ဖြတ်သန်းလာခဲ့တယ်။

အတန်းထဲမှာဆုရတုန်း  ဆုတက်ယူဘို့စင်မြင့်ပေါ်တက်ချိန်  ရင်ခုန်ခြင်းကတော့ ကျမ ဒီလိုဆုမျိုး ဘယ်လောက်များ ထပ်ရဦးမှာလဲ။  ပြီးတော့ စင်မြင့်အောက်မှာ ကျမ မိဘတွေမျက်နှာလေးကို မြင်ခြင်တဲ့ ရင်ခုန်ခြင်းမျိုး...

နောက်ပြီး ကဗျာရွတ်ပြိုင်ပွဲမှာ အမူအယာလေးနဲ့ပြပြီး ရွတ်ပြရမယ်ဆိုတော့  စင်မြင့်အောက်က ပရိတ်သက်တွေ ကျမကို ဘယ်လိုပုံစံမျိုးနဲ့ အားပေးမလဲ ကျမကရော ဘယ်လိုပုံစံအမူယာလေးနဲ့ ပရိတ်သတ်အများကြီးကို စင်မြင့်ပေါ်မှာ အမူအယာနဲ့ကဗျာရွတ်ပြရမလဲပေါ့။

နောက်ရင်ခုန်ခြင်းက အရွယ်လေးမရောက်တစ်ရောက် စိတ်ကစားပြီး မိုးတွေရွာတာမြင်လည်း ဝမ်းနည်ပြီး ...ငို...  လေတိုက်တာမြင်လည်းတွေးပြီး  ...ငို  ...တတ်တဲ့အရွယ်လေးဆိုတော့ အခန်းထဲမှာ ဘေးကကောင်လေးက ခဏခဏလှမ်းကြည့် စာရွက်လေးနဲ့ စာတွေရေးပေါက်လာတော့ ...(ကျမကို ဒီကောင်လေးက........ဆိုတဲ့စိတ်မျိုးနဲ့ ရင်ခုန်စိတ်ကစား )ခြင်းမျိုးနဲ့  ရင်ခုန်မိပြန်ရော

ရည်းစားစာ အပေးခံရပြန်တော့လည်း  ရင်ခုန်ခြင်းတစ်မျိုးဖြစ်ရပြန်ရော။ ဒီကောင်လေးက ချောတယ်...ဘာညာကွိကွ နဲ့ပေါ့။

နောက်ရည်းစားလေးရလာတော့  ချစ်သူက (ချိန်းတွေ့မယ်) ဆိုတိုင်း....ကျမ သူနဲ့တွေ့ရင်ဘာတွေ ပြောရမလဲ။ ပြီးတော့ (ချစ်သူ)ကရော ကျမကိုဘာတွေ ပြောလာမလဲဆိုတာ ကြိုတွေးပြီး ရန်ခုန်မိပြန်ရော။ (ညတောင်အိပ်မပျော်ခဲ့ဘူး....အဟီး...)

ဒီလိုနဲ့  အရွယ်တွေရောက်လာ   ဘဝအတွက်တိုးတက်မှု့  လမ်းကိုရှာမိတော့  အမေနဲ့တောရွာလေးကို ပစ်ထားပြီး   အဆိုတော် (အရိုးသီဆိုထားတဲ့ သီချင်းလိုဘဲ လေယာဉ်ပေါ်တက်) တစ်နိုင်ငံကိုထွက်ခဲ့ချိန်မှာလည်း စိတ်တွေလှုပ်ရှား ရင်ခုန်ရပြန်တယ်။ ကျမ ဟိုရောက်ရင် ပထမဆုံးစပြီး ရင်ဆိုင်ရမှာက .. ဘာသာစကား...နောက်ပြီး လူမှု့ဆက်ဆံရေး....အစုံပေါ့. နောက်ပြီး  ကျမအလုပ်အကိုင် အဆင်ပြေရင် ကျမ ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရင်ခုန်ခဲ့မိတာလေ။ ပထမဆုံး ပြည်ပမြေကို နင်းချိန်မှာတော့ ဒီလိုဘဲတွေးထားမိတာပါ။ ဒီလိုနဲ့တိုင်းတစ်ပါးမှာ အချိန်တွေကုန်ရင်း  လုံးရင်းချာ ....ချာရင်းလုံး (မုန့်လုံးစက္ကူ) .....  ဘဝနဲ့ဘဲ မျှောလာခဲ့တာ  ခုချိန်ထိပါဘဲ။


ပြည်ပမှာနေရင်း မျှောလာလိုက်တဲ့ဘဝ  ဒုတိယအရွယ်တွေရောက်လို့  အိမ်ထောင်ဖက်လည်း ရလာရော ...ဟော .. မင်္ဂလာရက်မြတ်  ရွေးတဲ့ရက်  ရောက်လာပြန်တော့လည်း အဲဒီနေ့လေး ဘယ်လိုပုံစံမျိုးနဲ့   ရောက်လာမလဲဆိုတာ   တွေးမိပြီး  ရင်ခုန်ရပြန်ရော။

ရင်ခုန်ခြင်းများကို ကျမအကုန်  ကြုံတွေ့ခံစားဖူးသွားပြီ။ ဒါပေမဲ့  ခုလာမဲ့စနေနေ့လောက်  ရင်ခုန်ခြင်းထဲပြင်ဆင်ထားတာ  မရှိဖူးတော့ အထူးအဆန်းလေးတော့ ဖြစ်နေမိသလိုလိုပေါ့။  အခုချိန်မှာတော့ ကျမ တစ်ခေတ်ထပြီး ရင်ခုန်ရပြန်ပြီ။ ဒီရက်လေးရောက်ဘို့  ကျမ (စက်တင်ဘာလ ) အစ ပထမအပတ်ကတည်းက  ကြိုတင်ပြင်ဆင်မှုများနဲ စောင့်မျှော်နေခဲ့တာ။ ခုဆို (စက်တင်ဘာလရဲ့) နောက်ဆုံးအပတ်ကို   ရောက်လာပြီ။ ကျမ ရင်တွေပိုခုန်လို့လာတယ်။ လကုန်ပြီးနောက်ရက်ဆို ကျမ ရင်ခုန်ခြင်းတွေ အကောင်ထည်ဖော်ရပါတော့မယ်။ ခါတိုင်းရင်ခုန်ခြင်းတွေအတွက်  ကျမ ကြိုတင်ပြင်ဆင်မှု့ အထူးတလည် မလုပ်ခဲ့ပေမဲ့  အခုလာမဲ့  လကုန်ပြီး  နောက်ရက်အတွက်  ရင်ခုန်ခြင်းမှာတော့  ကျမ ကြိုတင်ပြင်ဆင်မှု  ကြိုဆိုမှုတွေစီစဉ်ထားတယ်။ ကျမဘာကြောင့်  ရင်တွေခုန်နေပါလိမ့်။ ကျမ ဒီရင်ခုန်တဲ့ရက်လေး ရောက်ဘို့အတွက်ရော  အထူးတလည် ဘာများကြိုတင် ပြင်ဆင်ထားပါလိမ့်။ အဲဒီ (ရင်ခုန်စရာ) ကောင်းတဲ့ ရက်ကရော ကျမ ဘဝအတွက် ဘာအရေးကြီးတဲ့  ရက်မလို့လဲ။ ဘာကြောင့် ဒီလောက်ရင်ခုန်ရလဲဆိုတာ  ကျမကိုယ်ကျမလည်း  မသိပါ။ မကြုံမခံစားဖူးတဲ့ ခံစားမှုမျိုးလေးနဲ့  အဲဒီနေ့လေးကို ကြိုဆိုချင်တယ်။ ပြင်ဆင်ထားတယ်။ ခါတိုင်းလည်း  ဒီလိုရက်ကို  ပုံမှန်လည်ပတ်ဖြတ်သန်း သွားခဲ့တာဘဲ နှစ်တွေအလီလီရှိခဲ့ပြီ။ ဘာလို့ ဒီနှစ်ကျမှ  ကျမ  ရင်တွေအရမ်းခုန်နေတာလဲ  မသိ။

ကျမရဲ့  (ရင်ခုန်စရာ)  နေ့လေးအတွက်  ကျမစိတ်တွေအရမ်း လှုပ်ရှားနေပါတယ်။ အဲလိုစိတ်တွေဖြစ်လာတိုင်း  ကျမကိုယ်ကျမ  အသက် ( ၁၆ )နှစ်သမီးဘဝအရွယ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ ဘာကြောင့်လာမဲ့  ...  စနေနေ့ကို  ကျမရင်ခုန်စွာ မျှော်လင့်နေလဲ  အဲဒီနေ့မှာရော  ကျမဘာတွေလုပ်မယ်ဆိုတာ ပြင်ဆင်ထားတာတွေကို  ဆက်လက်ဖော်ပြပေးသွားပါမယ်။ ကျမရဲ့  ရင်ခုန်စွာ  မျှော်လင့်နေတဲ့ရက်ကို  စာဖတ်ပရိတ်သက်ကြီးနဲ့အတူ  မျှော်လင့်ကြည်နူးရင်ခုန်ခွင့်ပြုပါ.... ကျမ ဘာလို့ (ရင်တွေခုန်နေလဲဆိုတာ ) လာမဲ့စနေနေ့ မှာအဖြေပြောပြပါမယ်။


လေးစားစွာဖြင့် အားလုံးကိုချစ်ခင်လျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး


4 comments:

ကိုဇော် said...

ဘာများ ဖြစ်လို့ ရင်ခုန်နေရတာဒုံး . . .
သေချာတာကတော့ အသက်ရှင်နေသေးလို့ပဲ ဖြစ်ရမယ်။ ဟဲဟဲ

ကိုရင် said...

ခက်တော့ ခကသား..ခြေနှစ်ချောင်းနဲ့ နားရွက်တိုဆိုတာ ဒါမှ အစစ်...သူပျော်တာကိုပဲ လာရေးခိုင်တယ်..ကဲ..ချီးမြှင့်ပေးရမှာပေါ့ ဒကာမကြီးရယ်..တောင့်တတော့လည်း ကိုယ်ထင်ပြရတာပေါ့..

(၁)မောင်..ကျွန်မမှာ ကိုဝန် သုံလရှိနေပြီတဲ့..
(၂)မောင် လာမဲ့စနေနေ့ဆိုရင် မေတို့ရဲ့ အိမ်ထောင်သက် ၃၀ပြည့်နော် မမေ့နဲ့..စောစော ပြန်လာ..ဒါပဲ..
(၃)ကိုရေ..လာမဲ့စနေက ကျွန်မရဲ့ ၆၁နှစ်ပြည့် မွေးနေ့နော် ..မမေ့နဲ့..

ဟင်းဟင်း..အဲထဲက ပြေးမလွတ်ပါဘူး။။

အလွမ်းမြို့ said...

ကိုရင်ပြောတာလေးတော့ နီးစပ်ချင်သယောင်ယောင်ပါဘဲ။ ဒါပေမဲ့ ခြေလှမ်းကျဲကြီးနဲ့ ဝေးသွားပြီ။
အဟီး...အထူးအဆန်းမဟုတ်ပေမဲ့ အလွမ်းမြို့
အတွက်ကတော့ အမှတ်တရဖြစ်လာမဲ့ နေ့လေး တစ်နေ့ပေါ့။

WWKM said...

မနက်အစောကြီးကတည်းက ကွန်မန့်လာရေးတာ ကော်နက်ရှင်ကျနေလို့ မရဘူး။း(

အလကား သူများခုန်တိုင်းသူလိုက်ခုန်တာ..
နာသိဒယ်...နာသိဒယ်... :)))
လာမယ့်စနေနေ့ကျရင် သီလရှင်ဝတ်စုံလေး ၀တ်နော်... :)

ချစ်တဲ့

ဝါ