Thursday 22 September 2011

ချစ်သူဖတ်ဖို့


နှုတ်ဆက်လမ်းခွဲပြီးမှ
နောက်လှည့်မကြည့်တဲ့ ချစ်သူ...
ငါ့ မာနတွေ ခဝါချ ငါ့ဘဝကို မင်းလိုသလို
အသုံးချခွင့်ပေးပြီး မင်းရှေမှာ အခစားခွင့်ခဲ့ ပြီးပြီဘဲ
မင်းအလိုကျ စေရာကိုသွား ထားရာနေခဲ့ပြီးမှ
မင်းအတွက် မလိုပြန်လည်း မင်းရှေက
ဒူးထောက် ဦးညွှတ်ထွက်ခဲ့ဘို့
ငါ့ ရင်ထဲက အချစ်ကို
စတေး သတ္တိတွေ
မွေးထား
ခဲ့ပါ
တယ်

ဘဝဆိုတာ 
ဆန္ဒနဲ့တစ်ထပ်တည်း
ကျ ချင်မှ  ကျ မှာ  ချစ်သူ
ဒါပေမဲ့..ငါ့ရင်မှာတော့ မင်းကိုချစ်တဲ့
အချစ်တွေကြောင့် မင်းဟာ ငါ့ရင်ထဲ အလိုကျ
ဖြည့်ဆည်း ပြည့်စုံ နေခဲ့သူပါ ချစ်သူ..
အများအမြင်မှာ မင်းဟာ
ယောကျာင်္းကောင်း
တစ်ယောက်
မဟုတ်
ပေမဲ့

ငါ့
ရင်ထဲမှာတော့
မင်းဟာ အရာရာကို ဖန်းဆင်းပြီး
ပြည့်စုံတဲ့ အချစ် နတ်သားလေးပါ ချစ်သူ
အခြေနေတွေ ကြောင့်မင်းနဲ့ ခဏတာ
ခွဲခွာရမှာကိုတောင်ငါ
မလိုချင်ဘူး 
ချစ်သူ

တခဏတာ
ခွဲရမှတောာင် ငါ့ရင်ထဲ
တစ်ဘဝစာ လောင်ကျွမ်းသလို
ခံစားနေရတယ်ဆိုတာ မင်းသိရင် 
ချစ်သူ   ငါ့ကို မင်းရဲ့အနား
အစေအပါးတစ်ယောက် 
ခစားဝင်သလို နေရာ
တစ်နေရာပေးပါ
ချစ်သူ

မိုးနဲ့မြေဟာ အလှမ်းဝေးနေပေမဲ့
မျက်နှာချင်းဆိုင် ရင်ဆိုင်
တွေ့ကြသလို ငါ့ရဲ့ 
အချစ်တွေနဲ့
မင်းရဲ့ 
အနားမှာ
မင်းမျက်နှာလေးကို 
တစ်ရက်တာဖြစ်ဖြစ် တစ်ဘဝစာ
ဖြစ်ဖြစ် ကြည့်နေခွင့်ပြုပါ
...ချစ်သူ


မေတ္တာဖြင့်
အလွမ်းမြို့လေး

3 comments:

ကိုရင် said...

အမယ်..နာ့အမ နုနေပါလား..
ကဲကဲ..ကြည့်နေ မြင်နေခွင့်ရပါစေဗျာ..
နေကောင်း စားကောင်းပါစေ..

Tar Yar said...

ကဗျာခံစားဖတ်ရှုရင်း
လာရောက်နှုတ်ခွန်းဆက်ပါတယ်


အလင်္ကာည

H.M.N said...

ကဗျာလေး အားပေး သွားပါတယ် ခင်ဗျာ