ကျမတို့မောင်နှမများ စုပေါင်းပြီး စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့ရှိ (မအုပ်ကျောင်း)တွင် ကထိန်အတွက် ကျောင်းထိုင်ဘုန်းဘုန်း ဦးပညာသာမိအား အစကနဦး လျှာက်ထားသည့် အလှူငွေ ၅သိန်း ၅သောင်းကျပ်ကို အခက်ခဲအမျိုးမျိုးကြားက သဒ္ဒါစိတ်မပျက်ဘဲ ယနေ့ 12-11-2013
ရက်နေ့တွင် မုံရွာမြို့နေကျမ၏ သူငယ်ချင်းဖြစ်သူ မတူးတူးမာ (မုံရွာ)မှ
အလှူရှင်များ အားလုံးရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ထို့ကြောင့်
အလှူရှင်များ အားလုံး ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကျမဒီကနေပြန်လည် မျှဝေပေးလိုက်ပါတယ်။ အလှူဖြစ်မြှောက်အောင် အဖက်ဖက်မှ ကူညီပေးကြသောသူများ အားလုံးကို အားလုံးရဲ့ ကိုယ်စား ကျမမှ အထူးကျေးဇူးတင်ပါတယ်။
အလှူရှင်များအားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေ။
-------------------------------------------------------------------------------
နောက်အလှူတစ်ခုကတော့
ကျမ လွန်သွားတဲ့လက
လှူမယ်လို့လျှောက်ထားတဲ့ ဖုန်းနဲ့ကင်မရာလေးပါ။ စစ်ကိုင်းတိုင်း
မုံရွာမြို့နယ် ချောင်းဦးမြို့ရှိ (စေတဝန်ကျောင်း)မှ
ကျောင်းထိုင်ဘုန်းဘုန်း - ဦးသြဘာသ ထံကိုယနေ့ (12-11-2013)မနက် ကျမသူငယ်ချင်း မတူးတူးမာ(မုံရွာ)မှ ကိုယ်တိုင်သွားရောက်လှူပေးခဲ့ပါတယ်။ ကျမရဲ့ အလှူအထမြှောက်ရန် အဖက်ဖက်မှ ကူညီပေးကြသော စကာင်္ပူကနေ ရန်ကုန်သို့ စေတနာဖြင့် ကူညီသယ်ပေးသော မောင်ငယ် Min Thike နှင့်သူငယ်ချင်း....ရန်ကုန်မှ အညာသို့ ရောက်အောင် ကူညီပေးသော ညီမလေး မီမီလွင် Mie Mie Lwin နှင့် ရန်ကုန်မှ အညာသို့ပြန်လည် ကူညီသယ်လာပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းပေးသော သူငယ်ချင်းမတူးတူးမာ....အားလုံးကို ကျမ အလွမ်းမြို့လေးမှ အထူးကျေးဇူးတင်ပါတယ်။ပြုခဲ့သော ကောင်းမှု့ကုသိုလ် အစုစုအတွက် အားလုံးကို အမျှပေးဝေပါတယ်။အားလုံး...ကြားကြား သမျှ....အမျှ...အမျှ....အမျှ.... ယူတော်မူကြပါကုန်သော်။သာဓု.......သာဓု...........သာဓု............
အလှူရှင်များအားလုံးနှင့် အလှူဖြစ်မြှောက်ရန် အဖက်ဖက်မှ ကူညီပေးကြသော မိတ်ဆွေများအားလုံးကို ကျမ အလွမ်းမြိုလေးမှ အထူးကျေးဇူးတင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
12-11-2013
2 comments:
အလှူရှင်များဒီထက်ပိုပြီးလှူနိုင်ကြပါစေလို့
သူငယ်ချင်း ရာဇာထွေးနဲ့ မသန့်တို့အလှူအတွက်လဲ ပီတိဖြစ်ခဲ့ပါကြောင်း......
မာမီလွမ်း
အလှုအတွက်သာဓုခေါ်ပါတယ်အမရေ
နောင်လည်းဒီထက်မက အလှု ပြုနိုင်ပါစေလို့လည်း
ဆုတောင်းပေးပါတယ်နော် မာမီလွမ်း
Post a Comment